AD
AD
AD
play

 

မန္တလေးတိုင်း မတ္တရာမြို့နယ် ကင်းရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အဌမတန်းကျောင်းသားတစ်ဦးကို ဘုန်းကြီးတွေ ၀ိုင်းပြီးရိုက်နှက်ခဲ့မှုကို ကျောင်းသားဘက်ကနေ အမှုဖွင့်မယ်လို့ သိရပါတယ်။

လောလောဆယ်တော့ ဒီအမှုကို မတ္တရာမြို့မ ရဲတပ်ဖွဲ့စခန်းမှာ တိုင်ကြားထားပြီး မျက်မြင်သက်သေတွေဖြစ်တဲ့ ကိုရင်တွေ၊ အခြားကျောင်းသားတွေကိုလည်း စစ်ဆေးနေတယ်လို့ ကျောင်းသားဘက်ကနေ လိုက်ပါဆောင်ရွက်နေတဲ့ ကျူရှင်ဆရာ ဒေါင်းလန်းက ဆဲဗင်းဒေးသတင်းစာကို ပြောပါတယ်။

‘‘ကလေးက မြေစာပင်ဖြစ် သွားတယ်။ ပြောရရင်လည်း ပြဿနာတွေအရှုပ်ကြီး။ ကျောင် မှာက ကျောင်းထိုင်ဘုန်းကြီး မရှိသေးဘူး။ ဦးပဉ္စင်းနှစ်ပါး အပြိုင် ဖြစ်နေတာ။ အရိုက်ခံရတဲ့ကလေး က ကျန်တစ်ပါးနဲ့ အမျိုးတော် တယ်။ အခုလောလောဆယ် တော့ အမှုဖွင့်ဖို့လုပ်နေတယ်’’ လို့ ဦးဒေါင်းလန်းက ပြောပါတယ်။ ဘုန်းကြီးကျောင်းတစ်ခုအတွင်း ဘုန်းကြီးတွေ ၀ိုင်းပြီး လူငယ်လေးတစ်ဦးကို ရိုက်နှက်ခဲ့တဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာပေါ်မှာ ပျံ့နှံခဲ့ပြီး ဖေ့ဘုတ်သုံးစွဲသူတွေအကြား ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဧပြီ ၂၁ရက် က မတ္တရာမြို့နယ် ကင်းရွာရှိ ဘုန်းကြီးကျောင်းဝင်း အတွင်းရိုက်နှက်ခံရသည့် အဋ္ဌမ တန်းကျောင်းသား အပါအ၀င် ကလေးငယ်တွေ သရက်သီးကောက်နေတုန်းမှာ အချင်းချင်းငြင်းခုံပြီး ရိုက်နှက်ခံရတဲ့ အဋ္ဌမတန်းကျောင်းသားက ‘‘ခွေးပါးစပ်က နတ်စကားထွက်တယ်’’ လို့ ပြောဆိုရာကနေ အခြားကလေးငယ်တွေက ဘုန်းကြီးတစ်ပါးကို တိုင်တန်းခဲ့ပြီး ဦးပဉ္စင်းစိုးဆိုတဲ့ ဘုန်းကြီးကနေ အဆိုပါ ကျောင်းသားကို ရိုက်နှက်ခဲ့တာလို့ ဦးဒေါင်းလန်းကဖြစ်စဉ်ကို ပြောပြပါတယ်။

ရိုက်နှက်ခံရတာကြောင့် ကျောင်းသားမှာ ခန္ဓာကိုယ်အနှံမှာ ဖူးရောင်ဒဏ်ရာတွေရရှိခဲ့ပြီး မတ္တရာ ပြည်သူ့ဆေးရုံမှာ တတ်ရောက် ကုသနေတေယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရိုက်နှက်ခဲ့တဲ့ ဘုန်းကြီးတွေကို အရေးယူတိုင်ကြားခြင်းမရှိသေးဘဲ သံဃာစည်းမျဉ်းနဲ့ အညီ သံဃနာယက အဖွဲ့က ဆက်လက်ဆောင်ရွက်မယ်လို့ လည်း သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောပါတယ်။

Source : 7Daydaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD