AD
AD
AD
play

 

ကျောက်တံတားမြို့နယ်မှာ တွေ့ရှိခဲ့တဲ့ အဘွားအိုတစ်ဦးကို ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက သဘာဝတရားရိပ်သာကို ကူညီအပ်နှံပေးခဲ့တဲ့ ဖြစ်ရပ် ဧပြီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

play

 

ဧပြီလ ၂၆ ရက်နေ့ည ၇ နာရီ ၁၀ မိနစ်အချိန်က ဆူးလေဘုရားလမ်း AGD ဘဏ်ရှေ့ပလက်ဖောင်းပေါ်မှာ အသက် ၇၀ ကျော်ခန့်ရှိတဲ့ အဘွားအိုတစ်ဦးကို အထုပ်အပိုးတွေနဲ့ ရောက်ရှိနေလို့ ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

 

အဆိုပါအဘွားအိုက အမည်၊နေရပ်လိပ်စာတွေ မပြောနိုင်ဘဲ  သံသေတ္တာ၊လက်ဆွဲအိတ် နှစ်လုံး၊ဆွဲခြင်း တစ်လုံး၊ မြက်ဖျာတစ်ချပ်နဲ့ ငွေကျပ် ၂၃၀၀၀၀ ပါရှိပြီးတော့ ရိပ်သာကို သွားချင်တယ်လို့ ပြောတာကြောင့် သန်လျင်သဘာဝတရားရိပ်သာသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

play

 

ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်တွေက သက်သေတွေအဖြစ်နဲ့ အဘွားဖြစ်သူကို အလှုရှင်နှစ်ဦးရဲ့ လှုဒါန်းငွေကျပ် ၆၅၀၀၀ နဲ့အတူ သန်လျင်မြို့နယ်က သဘာဝတရားရိပ်သာကို လိုက်လံ အပ်နှံပေးခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။

Source : Yangon Police

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD