AD
AD
AD

play

 

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်းကြောင့် ရန်ကုန်တိုင်းအပါအ၀င် မြန်မာနိုင်ငံတောင်ပိုင်း ဒေသတွေမှာ မိုးရွှာသွန်းနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

လေဖိအားနည်းရပ်ဝန်းရဲ့အရှိန်ကြောင့် မွန်၊ တနင်္သာရီ ကမ်းရိုးတန်းနဲ့ကမ်းလွန်ဒေသတွေမှာ မိုးသက်လေပြင်းတွေ မကြာခဏကျရောက်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေက တစ်နာရီ မိုင်(၃၀-၄၀) ခန့်အထိတိုက်ခတ်နိုင်ပြီး၊ တနင်္သာရိတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ ဧရာဝတီတိုင်း တောင်ပိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ  နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးရွာနိုင်တယ်လို့ သိရပါတယ်။

play

 

လက်ရှိအချိန်မှာ ကပ္ပလီပင်တောင်ပိုင်းမှာ ဖြစ်ပေါ်နေခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းဟာ အနောက်မြောက်ဖက်ကိုရွေ့လျှားမသွားခဲ့ပဲ အရှေ့မြောက်ဖက်ကို ရွေ့လျှားခဲ့ပြီး ကပ္ပလီပင်လယ်ပြင်အတွင်းကို ဦးတည်သွားတာကြောင့် မုန်တိုင်းဖြစ်ဖို့ အလားအလာ နည်းသွားပြီလို့ သိရပါတယ်။

ဧပြီလ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲ တိုင်းထွာချိန်အရ နောက် (၄၈) နာရီအတွင်း ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နိုင်တယ်လို့ မိုးလေ၀သနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာန သတင်းထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD