AD
AD
AD
play

 

အနောက်တောင် မုတ်သုံလေက မြန်မာနိုင်ငံကို မေလ ၁၆ ရက်ကနေ ၂၀ ရက်အတွင်း ဝင်ရောက်လာနိုင်ပြီး မုတ်သုံဝင်လာမယ့် လမ်းကြောင်းတစ်လျှောက် လေပြင်းနဲ့  မိုးကြိုးအန္တရာယ် သတိပြုနေထိုင်ဖို့  မိုးဇလဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

"တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဇွန်လဆန်းလောက်မှာ မုတ်သုံဝင်နိုင်တယ်။ မိုးကြိုကာလဖြစ်လို့ လေပြင်းတိုက်တာတွေ၊ နေ့အပူချိန်တွေမြင့်တက်ထားတော့ မိုးတိမ်တောင်တွေဖြစ်နိုင်တယ်။ နောက်ဆက်တွဲအနေနဲ့ လေဖိအားနည်းရပ်ဝန်းတွေဖြစ်နိုင်တယ်။ ဒါပေမယ့် မုတ်သုံဝင်ပြီးနောက်ပိုင်း မုန်တိုင်းဖြစ်မယ့် အလားအလာတော့ မရှိပါဘူး"လို့ မိုးဇလဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ဓူဝံ မီဒီယာကို ပြောပါတယ်။

 

အနောက်တောင်မုတ်သုံ လေက မေလ ၁၆ ရက်ကနေ ၂၀ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေ၊ မေလ ၂၁ ကနေ ၂၅ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသနဲ့  မေလ ၂၆ မှ ၃၁ ရက် အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေကို အစဉ်လိုက် ဝင်ရောက်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဧပြီ ၂၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

မိုးကြို ကာလဖြစ်တာကြောင့် လေထုမတည် မငြိမ်မှုကြောင့် လေပြင်းကျခြင်း၊ မိုးကြိုးပစ်တာတွေကိုဖြစ်စေသည့် မိုးတိမ်တောင်အန္တရာယ်ကို ဒေသ အများစုမှာ ကြုံတွေ့နေရပါတယ်။ မေလဆန်းကစတင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက် ပိုင်း၊ ကချင်၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ပုံမှန်ထက် မိုးရွာနိုင်တယ်လို့ မိုးဇလဌာနက သတိပေးထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD