AD
AD
AD
play

 

ကပ္ပလီပင်လယ်ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက အားပိုကောင်းလာပြီး မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်လို့ မိုးလေ၀သနှင့်ဇလဗေဒ ဦးစီးဌာနက ဧပြီလ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လေဖိအားနည်းရပ်ဝန်းက အားအကောင်းကြီးမဟုတ်လို့ မုန်တိုင်းငယ်အဆင့်လောက်ပဲဖြစ်ဖို့များတယ်၊ လာမယ့် မေလ ၂ ရက်လောက်မှာ မြစ်ဝကျွန်းပေါ်ဒေကို ဖြတ်နိုင်တာကြောင့် မိုးများမယ့်အနေအထားရှိတယ်။ လေပြင်းတိုက်တာတွေ၊ မုန်တိုင်းဒီရေတွေတက်လာနိုင်တဲ့ အနေအထားရှိလို့ ကမ်းရိုးတမ်းဒေသတွေ သတိထားသင့်တယ်"လို့  မိုးဇလဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ဓူဝံ မီဒီယာကို ပြောပါတယ်။

 

မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းဒေသတွေမှာ မိုးသက်လေပြင်းကျရောက်နိုင်ပြီး လေတိုက်နှုန်း တစ်နာရီ ၃၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်ကာ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကရင်၊ မွန်ပြည်နယ်တို့မှာ နောက်တစ်ပတ်အတွင်း နေရာကွက်ပြီး မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။

အနောက်တောင်မုတ်သုံ လေက မေလ ၁၆ ရက်ကနေ ၂၀ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေ၊ မေလ ၂၁ ကနေ ၂၅ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသနဲ့  မေလ ၂၆ မှ ၃၁ ရက် အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေကို အစဉ်လိုက် ဝင်ရောက်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဧပြီ ၂၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD