AD
AD
AD
play

 

ပြင်ဦးလွင်မြို့ တပ်မတော်ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ခွဲစိတ်ပါရဂူ ဒုတိယဗိုလ်မှူးကြီးတစ်ဦး ယာဉ်မတော်တဆဖြစ်တာကနေ စကေဘာနဲ့ အထိုးခံရမှုဖြစ်ပွားခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ခွဲစိတ်ပါရဂူ ဒုတိယဗိုလ်မှူးကြီးမိုးမြတ်အောင်က ဧပြီ ၂၅ ရက် ည ၉ နာရီ ၄၅ မိနစ်မှာ နေအိမ်သို့မော်တော်ယာဉ်နဲ့ ပြန်လာတဲ့အချိန်မှာ ပြင်ဦးလွင်မြို့ရပ်ကွက်ကြီး (၅) အစိုးရ ဧည့်ဂေဟာဂိတ်နားက လမ်းပေါ်မှာ ဆိုင်ကယ်လေးစီးနဲ့ အမျိုးသား ခုနစ်ဦးက ဆိုင်ကယ်စတန့်လုပ်ပြီး မောင်းနေလို့ ရှောင်တိမ်းမောင်းနှင်တဲ့အချိန်မှာ ဆိုင်ကယ်စတန့်ပြုလုပ်နေတဲ့ ဆိုင်ကယ်တစ်စီးနဲ့ မော်တော်ယာဉ်တို့ မတော်တဆပွတ်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါမတော်တဆမှု ဖြစ်ပွားပြီးတဲ့အချိန်မှာ ဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်က မော်တော်ယာဉ်ကို ရပ်တန့်ပြီး ယာဉ်ပေါ်ကနေဆင်းပြီး မေးမြန်းတဲ့အချိန်မှာ ဆိုင်ကယ်စီးနင်းသူတွေထဲက သုံးဦးက ဦးမြတ်မိုးအောင်ကိုချုပ်ပြီး တစ်ယောက်က ၀မ်းဗိုက်ကို စကေဘာနဲ့ထိုးပြီး ရှောင်တိမ်းထွက်ပြေးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဖြစ်စဉ်ကြောင့် ဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်မှာ ဒဏ်ရာပြင်းပြင်းထန်တန်ရရှိခဲ့ပြီး ပြင်ဦးလွင်တပ်မတော်ဆေးရုံမှာ အရေးပေါ် ခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ထွက်ပြေးတိမ်း ရှောင်သွားတဲ့ လူငယ် ခုနစ်ဦးကို ဥပဒေနဲ့ အညီအရေးယူ ဆောင်ရွက်နိုင်ဖို့ ပြင်ဦးလွင် မြို့မရဲစခန်းမှာ အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD