AD
AD
AD

မောင်တောမှာ တာဝန်ကျတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှစ်ယောက်စကားများရန်ဖြစ်ရာကနေ လက်ပစ်ဗုံးနဲ့ ပစ်တာကြောင့် ရဲတပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၂၈ ရက်နေ့က သဘောင်္လှချောင်းဝရဲကင်းစခန်းမှာ ဖြစ်ပွားခဲ့ပြီးတော့ ရဲတပ်သားပြည့်ဖြိုးအောင်နဲ့ ရဲတပ်သားကျော်ဖြိုးသူတို့က သုံးစွဲဖို့ ရေမရှိတဲ့ကိစ္စနဲ့ စကားများရန်ဖြစ်ရာကနေ ရဲတပ်သားကျော်ဖြိုးက MG-1 ပလတ်စတစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီဗုံးက ရဲတပ်သားပြည့်ဖြိုးမင်းနဲ့ ကင်းစခန်းမှာအိပ်ပျော်နေတဲ့ ဒုရဲတပ်ကြပ်မင်းမင်းဇော်တို့ နှစ်ယောက်ကြားမှာ ကျပေါက်ကွဲတာကြောင့် နှစ်ဦးလုံးဒဏ်ရာပြင်းထန်မှုရှိတယ်လို့ ဆိုပါတယ်။

‘ အဲ့ဒါက အထက်ဌာနကို တင်ပြထားတာပါ။ကျွန်တော်တို့ ပြင်ပသတင်းဌာနကိုတင်ပြဖို့ ခွင့်မပြုဘူးလို့လူကြီးက မှာထားလို့ပါ။ ကျွန်တော်တို့က လုပ်ထုံးလုပ်နည်းအရ လုပ်ရမယ့်လုပ်ငန်းစဉ်တွေအရ လုပ်ထားပါတယ်။ ကျန်တာက ပြောလို့ မရပါဘူးခင်ဗျ’ လို့ နယ်ခြားစောင့်ဌာနချုပ် ကျီးကန်ပြင်၊မောင်တောက ရဲမှုးကြီးအောင်ဝင်းက ပြောပါတယ်။

သူတို့ နှစ်ဦးကို ရဲကင်းစခန်းကနေ မောင်တောမြို့နယ်ပြည်သူ့ဆေးရုံကို ဆေးကုသဖို့ ပို့ဆောင်ချိန်မှာ ရဲတပ်သားပြည့်ဖြိုးမင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာပြင်းထန်တဲ့ရဲဒုတပ်ကြပ်မင်းမင်းဇော်ကိုတော့ မောင်တောမြို့နယ် ပြည်သူ့ဆေးရုံက စစ်တွေမြို့နယ် ပြည်သူ့ဆေးရုံကို လွှဲပြောင်းကုသပေးနေပြီး ကျူးလွန်သူကို နယ်ခြားစောာင့် ရဲဌာနချုပ်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ ရဲကြေးနန်းမှာရေးသားထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD