AD
AD
AD
play

 

မြန်မာနိုင်ငံ့သမိုင်းမှာ အဆိုးရွားဆုံးသဘာဝဘေးအန္တရာယ်ဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့တာက ဒီနေ့ မေလ (၂) ရက်နေ့ဆိုရင် ဆယ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

အာရပ်ဘာသာစကားနဲ့ “ပန်းပွင့်”လို့အမည်ပေးထားတဲ့ နာဂစ်မုန်တိုင်းရဲ့လေတိုက်နှုန်းက တစ်နာရီကို ကီလိုမီတာ ၂ဝဝ ကျော်အထိရှိခဲ့ပါတယ်။ မုန်တိုင်းအရှိန်ကြောင့် မိုးများသည်းထန်စွာ ရွာသွန်းမှုတွေနဲ့အတူ တချို့နေရာတွေမှာ မုန်တိုင်းဒီရေက ၁၂ မီတာအထိ မြင့်တက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ်နားကနေ မြန်မာနိုင်ငံကုန်တွင်းပိုင်းကို ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။

play

 

၂၀၀၈ ခုနှစ် မေလ ၁ ရက်နဲ့ ၂ ရ ရက်နေ့တွေမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူဦးရေ ၁၄ဝ,ဝဝ၀ ခန့် သေဆုံးတာနဲ့ ပျောက်ဆုံးမှုတွေရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ် ၃၇ မြို့နယ်မှ လူဦးရေ ၂.၄ သန်း နီးပါး မုန်တိုင်းဒဏ်သင့်ခဲ့ပါတယ်။

play

 

မုန်တိုင်းဒဏ်ကြောင့် လပွတ္တာမြို့နယ်တစ်ခုတည်းမှာပဲ လူ ၈၀,၀၀၀ ခန့်၊ ဘိုကလေးမြို့မှာ ၁၀,၀၀၀ ခန့် သေဆုံးခဲ့ပါတယ်။ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးက ကျပ် ၆၂,၉၈၈,၀၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ) ကျော်ရှိခဲ့ပြီး မြောက်အိန္ဒိယသမုဒ္ဒရာထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းတွေအနက် ပျက်စီးဆုံးရှုံးမှု အများဆုံး မုန်တိုင်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD