AD
AD
AD
play

 

ဧပြီလ ၂၁ ရက်နေ့က စတင်လောင်ကျွမ်းခဲ့တဲ့ ထိန်ပင်အမှိုက်မီးကို နောက်ဆုံးအဆင့်ငြှိမ်းသတ်နေပြီး မီးခိုးတွေထွက်ရှိနေတာ ထိန်းချုပ်နိုင်ငပြီလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

‘‘မီးငြှိမ်းသတ်နိုင်မှု အခြေအနေက တိုးတက်လာပါပြီ။ အခုဆို အတွင်းရော၊ အပြင်ရော မီးခိုး ငွေ့ကို ထိန်းချုပ်ထားနိုင်ပြီ။ မီးခိုးထွက်မှုကတော့ တဖြည်းဖြည်းနဲ့ ရာခိုင်နှုန်းနည်းလာပြီ’’လို့ ရန်ကုန်တိုင်းဒေသကြီး တိုင်းမီးသတ်ဦးစီးမှူး ဦးမျိုးဝင်းက 7DayDaily သတင်းစာကို ပြောပါတယ်။

play

 

ထိန်ပင်အ မှိုက်ပုံမီးကို ဧပြီ ၂၉ ရက်က စတင်ပြီး ဇုန်အေ၊ ဘီ၊ စီ၊ ဒီ ဆိုပြီး လေးဇုန်ခွဲ ငြှိမ်းသတ်နေကာ မေလ ၁ ရက်တွင် ဇုန်ဒီကို အပြီးသတ် ငြှိမ်းသတ်နေပြီး ဧပြီ ၂၇ ရက်ကစတင်ကာ ထိုင်းနိုင်ငံကနေ မှာယူထားတဲ့ Bio Foam ဆေးရည်အသုံးပြုကာ မီးငြှိမ်းသတ်ခဲ့တာ ဖြစ်ပါတယ်။

မီးငြှိမ်းသတ်ရာမှာ မီးသတ်ဦးစီးဌာနက အင်အား ၆၀၀ ကျော်၊ စစ်သည်အင်အား ၁၅၀ ကျော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အင် အား ၃၅၀ ကျော်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက အင်အား ၄၀၀ ကျော်နဲ့ အခြားသက်ဆိုင်ရာ အဖွဲ့အစည်းတွေက အင်အားတွေ အပါအ၀င် စုစုပေါင်း လူအင်အားတစ်ထောင်ကျော်နဲ့ မီးငြှိမ်းသတ်နေတာ ဖြစ်ပါတယ်။

Source : 7DayDaily

Photos : KBZ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD