AD
AD
AD
play

 

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက မြောက်ပိုင်းနဲ့အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မုတ္တမကွေ့အနီးတွင် ဆက်လက်တည်ရှိနေလို့ အဆိုပါလေဖိအားနည်းရပ်ဝန်းရဲ့အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်နဲ့ မြန်မာနိုင်ငံတောင်ပိုင်း ဒေသတွေမှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

လေဖိအားနည်းရပ်ဝန်းက နောက်(၁၂)နာရီအတွင်း ကုန်းတွင်းသို့ ဝင်ရောက်မယ်လို့ ခန့်မှန်းရပြီး သူ့ရဲ့အရှိန်ကြောင့် မွန်ပြည်နယ်မှာ မိုးအများဆုံး ရွာသွန်းပြီး ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းမှာ မိုးအသင့်အတင့်နဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်တို့မှာ
မိုးအနည်းငယ်ရွာသွန်းနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။

လေဖိအားနည်းရပ်ဝန်းက မေလ(၁)ရက်ညပိုင်းကနေစတင်ပြီး မေလ(၂)ရက်နေ့ မနက်ပိုင်းအထိ အားအနည်းငယ်ပြန်ကောင်းလာကာ မွန်ပြည်နယ်ပေါ်မှာ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

လေဖိအားနည်းရပ်ဝန်းက ကုန်းတစ်ဝက်ရေတစ်ဝက် အနေအထားရှိနေတဲ့အတွက် မုန်တိုင်းဖြစ်လာဖို့အလားအလာနည်းပါးပြီး မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းနဲ့ကမ်းလွန်ဒေသတွေမှာ လေ(တစ်နာရီ ၃၀-၃၅ မိုင်ခန့်) နဲ့ လှိုင်း (အမြင့် ၅-၈ ပေ)ခန့်ရှိနိုင်ပြီး နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြားမိုးရွာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ပြောထားပါတယ်။

Photo : U Tun Lwin Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD