AD
AD
AD
play

 

ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ရှစ်နှစ်အတွင်း ကျပ် ၁၈၃ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၁ ကနေ ၂၀၁၈ခုနှစ် မေလအထိ ကျပ် ၁၈၃ ဘီလီယံကျော် (ကျပ်သန်းပေါင်း တစ်သိန်းရှစ်သောင်းကျော်) တန်ဖိုးရှိခဲ့ပြီး ၂၀၁၆ ခုနှစ်က မူးယစ်ဆေးဖမ်းဆီးရမိတဲ့ တန်ဖိုးအများဆုံးဖြစ်ခဲ့ကာ ၂၀၁၇ ခုနှစ်မှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု အများဆုံးရှိခဲ့တယ်လို့ မေလ ၂ ရက်က ထုတ်ပြန်ချက်မှာပါရှိပါတယ်။

play

 

ရခိုင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်ကန ၂၀၁၈ ခုနှစ်၊ မေလ ၁ ရက်နေ့အထိ စိတ်ကြွဆေးပြား၊ စိတ်ကြွအကြေမှုန့်၊ ဆေးခြောက်၊ ဗျူပရီနော်ဖင်း၊ အယ်ပရာဇိုလမ် ဆေးပြား၊ ဒိုင်ရာဇီပမ်၊ ဒိုင်ရာဇီပမ်ထိုးဆေး၊ မော်ဖင်းထိုးဆေး၊ Lutigesic၊ Zoliuncarpa zolarn၊ ကတ်တမင်း၊ Fantanyl နဲ့ အက်ဖီဒရင်းစတဲ့ မူးယစ်ဆေးဝါးမျိုးစုံ စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း ၁၈၃၆၉၂၅ ဒသမ ၉၃၄ သိန်းဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုဖမ်းဆီးရမိခဲ့တဲ့ အဆိုပါ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အမှုပေါင်း (၆၃၁) မှု ဖွင့်လှစ်အရေးယူနိုင်ခဲ့ကာ တရားခံ (၁၀၁၁) ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Source : Information Committee

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD