AD
AD
AD
play

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်က နေအိမ်တစ်လုံးမှာ မေလ ၈ ရက်နေ့ ည ၁၀ နာရီက အသက် ၄၅ နှစ် အရွယ် အိမ်ရှင်အမျိုးသမီးကို အမည်မသိလူနှစ်ဦးက ဓားထောက် အနုကြမ်းစီးပြီး ငွေကျပ်သိန်း ၇၇၀ ကိုလုယူခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနား မြို့မရဲစခန်းကနေ သိရပါတယ်။

အနုကြမ်းစီးမှုဖြစ်ပွားခဲ့တဲ့ အိမ်တွင်နေထိုင်သူ ဒေါ်ရွယ်ဂျီရွယ်ဆိုသူ အမျိုးသမီးက နေအိမ်ထဲမှာရှိနေစဉ် တံခါးခေါက်သံကြားလို့ တံခါးသွားဖွင့်ပေးရာမှာ မျက်နှာဖုံးစွပ်ထားတဲ့ လူနှစ်ဦးကဓားထောက်ပြီး အော်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကာ လူတစ်ဦးက နှာခေါင်းနဲ့ ပါးစပ်ပိတ်လိုက်ပြီး နောက်ပိုင်းသတိလစ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်ရွယ်ဂျီး သတိပြန်လည်ရလာတဲ့အချိန်မှာ မိသားစုဝင်တွေရောက်ရှိနေပြီး ခင်ပွန်းဖြစ်သူက အိမ်ခန်းတွေကို စစ်ဆေးကြည့်ရာမှာ အိပ်ခန်းခုတင်ဘေးမှာ ဆာလာအိတ်နဲ့ ထည့်ထားတဲ့ မြန်မာငွေကျပ်သိန်း ၇၇၀ က ပျောက်ဆုံးနေတယ်လို့ ရဲမှတ်တမ်းအရ သိရသည်။

"တရားခံဖမ်းမိခြင်းမရှိသေးဘူး။ လက်ရျှိအချိန်ထိ စစ်ဆေးနေဆဲပါ"လို့ မြစ်ကြီးနားမြို့မရဲစခန်း  တာဝန်ကျရဲတပ်သားတစ်ဦးက Duwun မီဒီယာကို ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့မရဲစခန်းက (ပ) ၉၉/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂/၁၄၄ နဲ့ အမှုဖွင့်စုံစမ်းနေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD