AD
AD
AD
play

 

မုဒိမ်းမှုအပါအ၀င် ပုဒ်မ ၃ ခုနဲ့တရားစွဲဆိုခံထားရတဲ့ တေးသံရှင် အစ္စဏီကို ဒီနေ့ (မေလ ၁၁ ရက်နေ့)က တာမွေမြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးခဲ့ပြီး စွဲဆိုထားတဲ့ပုဒ်မ သုံးခုထဲက ပုဒ်မ ၃၂၅ အစား ဆန္ဒအလျောက်နာကျင်စေတဲ့ပုဒ်မ ၃၂၃ နဲ့ ပြောင်းလဲ တရားစွဲဆိုခဲ့ပါတယ်။

လာမယ့် မေလ ၂၃ ရက်နေ့မှာ ပြုလုပ်မယ့် ဒုတိယအကြိမ်မြောက်ရုံးချိန်းမှာတော့ ဇာခြည်​​ဌေး ​(ခေါ်) မော်ဒယ် စူးရှထက်အပါအ၀င် တရားလိုပြသက်သေ ၁၁ ဦးကို ရုံးတင်စစ်ဆေးမယ်လို့ တာမွေမြို့နယ်တရားရုံးကနေ သိရပါတယ်။

play

 

ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်မှာ အဆိုတော်အစ္စဏီက ရည်းစားဟောင်း မော်ဒယ်အမျိုးသမီးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့အပြင် ကိုယ်လက်အဂါင်္တွေကိုလည်း နာကျင်အောင် ရိုက်နှက်ခဲ့တာတွေ ပြုလုပ်ခဲ့လို့ မော်ဒယ်စူးရှထက်က အမှုဖွင့်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတို့နဲ့ အမှုဖွင့် စစ်ဆေးခဲ့ပြီး ချုပ်​ရက်​ရမန်​ နှစ်​ပတ်​ယူကာ တတိယအကြိမ်​ရုံးချိန်းမှာ တရားစတင်​စွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD