AD
AD
AD
play

 

ရန်ကုန်-ပြည်ကားလမ်း ၊ မိုင်တိုင်အမှတ် (၁၅၃/၅) မှာ ဒီနေ့မနက်၁ နာရီ ၄၀ မိနစ်က မြရတနာ ခရီးသည်တင်ယာဉ်တိမ်းမှောက်ခဲ့တာကြောင့် ခရီးသည် ၈ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေကနေ သိရပါတယ်။

မြရတနာခရီးသည် ယာဉ်က ရန်ကုန်-တောင်တွင်းကြီး-မကွေး-မန္တလေး ပြေးဆွဲတဲ့ ယာဉ်ဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦးသေဆုံးတယ်လို့ သိရပါတယ်။

play

 

ယာဉ်တိမ်းမှောက်မှုမှာ ဒဏ်ရာရရှိတဲ့ အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၈ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့သူတွေကို အမ်းမနဲ့ပြည်မြို့က ကြက်ခြေနီ၊ မီးသတ်နဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ကူညီပေးခဲ့ကာ သေဆုံးသူတွေထဲမှာ ကလေးနှစ်ဦးပါဝင်ပြီး ဒဏ်ရာရရှိသူတွေကို အမ်းမဆေးရုံနဲ့ ပြည်ဆေးရုံတို့ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD