AD
AD
AD
play

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ပြုပြင်ပြောင်းလဲနိုင်ဖို့ လွှတ်တော်တင်ထားပြီး မြူနီစပယ်ပြုပြင်ပြောင်းလဲရေးကိုဆောင်ရွက်နိုင်မှ ရန်ကုန်မြို့တော်ရဲ့ ဖွံဖြိုးတိုးတက်ရေးနဲ့ ပြည်သူလူထုရဲ့ လူမှုဘ၀တွေ မြှင့်တင်နေနိုင်မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောလိုက်ပါတယ်။

ဒီနေ့ (မေလ ၁၁ ရက်) မနက်ပိုင်းက ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာကျင်းပနေတဲ့ CEO Conference 2018 မှာပါဝင်တဲ့ စကားဝိုင်းမှာ မြန်မာလူငယ် လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Global Shapers - Yangon Hub မှ ကိုအာကာဟိန်းရဲ့မေးခွန်းကို ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြူနီစပယ်အက်ဥပဒေတစ်ခုကို ပြန်လည်ရေးဆွဲနိုင်ဖို့ တိုင်းဒေသကြီး လွှတ်တော်ကို တင်ပြထားပြီး ဥပဒေတွေကိုပြန်ပြုပြင်နိုင်ဖို့ အတွက် လွှတ်တော်ကိုတင်ပြထားပြီး မြို့တော်စည်ပင်သာယာရဲ့ အခန်းကဏ္ဍတစ်ခုကို ပြုပြင်ပြောင်းလဲဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

play

 

ဒါ့အပြင် မကြာခင်ပြုလုပ်မယ့် စည်ပင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး"အရင်ရှိခဲ့တဲ့ စည်ပင်သာယာရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပေဒတွေဟာ မေးခွန်းထုတ်စရာတွေရှိနေပါတယ်။ လူငယ်တွေရဲ့ပါဝင်နိုင်မှု အခန်းကဏ္ဍ၊ စည်ပင်သာယာရွေးကောက်ပွဲမှာ မဲပေးနိုင်သူတိုင်းမဟုတ်ဘဲနဲ့ အိမ်ထောင်စု အလိုက် ပဲ မဲပေးနိုင်ခွင့်ရှိနေတာတွေ၊ စည်ပင်သာယာရွေးကောက်ပွဲမှာ အသုံးစရိတ်တွေမျိုးအတွက် ဘာမှ တိတိကျကျဖော်ပြထားတာမ၇ှိဘူး။ စည်ပင်ရွေးကောက်ပွဲမှာ အငြင်းပွားမှု ဖြစ်ခဲ့ရင်လည်း ဖြေရှင်းဖို့ခိုင်မာတဲ့လုပ်ထုံးလုပ်နည်းတွေမရှိဘူး။ ဒါကြောင့်မို့ အခုပြန်လုပ်မယ့်ရွေးကောက်ပွဲအပေါ်မှာ ပြည်သူရဲ့ စိတ်ဝင်စားမှုနဲ့ ဒီမိုကရေစီနည်းလမ်းကျတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် မျှော်လင့်ပါတယ်"လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

စည်ပင်ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျော်ပြီးအလုပ်လုပ်လို့ရတယ်ဆိုပြီး လုပ်နေတာတွေရှိနေတယ်ဆိုတဲ့ စကားဝိုင်းမှာပါဝင်သူ မအေးမြတ်မော်ရဲ့ မေးခွန်းကိုလည်း ၀န်ကြီးချုပ်က အခုလိုဖြေကြားခဲ့ပါတယ်။

"မြို့တော်စည်ပင်သာယာက သတ်မှတ်ထားတဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေကို မျှော့ကြိုးလိုမဖြစ်အောင် ဆောင်ရွက် နေပါတယ်။ ကျနော်တို့ တာဝန်ယူထားတဲ့ကာလအတွင်းမှာ အားလုံးကို ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖြစ်စေဖို့အတွက် ကြိုးစားနေပါတယ်။ ဥပဒေရဲ့အပြင်ကိုရောက်နေတဲ့ ကိစ္စတွေက ဘယ်ကိစ္စမှ မကောင်းပါဘူး"လို့ ဖြေကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD