AD
AD
AD

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့က ပန်ခမ်းတံတားနားမှာ တိုက်ပွဲဖြစ်ပွားခဲ့လို့ လက်ရှိအချိန်ထိ သေဆုံးသူဦးရေ ဆယ်ဦးထက်မနည်း ရှိလာတယ်လို့ မူဆယ်မြို့မရဲစခန်းနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

play


"တိုက်ပွဲကတော့ဖြစ်တယ် မနက်ငါးနာရီလောက်ကတည်းကဖြစ်တာ မူဆယ်နမ့်ခမ်းကိုထွက်တဲ့ ပန်ခမ်းတံတားနားမှာဖြစ်တာပါ။ လောလောဆယ်တော့ သွားနေကြတုန်းပဲဗျ။ ပြည်သူ့စစ်နဲ့ ရဲတပ်ဖွဲ့နဲ့ တံတားလုံခြုံရေးအဖွဲ့ကို လာပစ်တာလေ။ ဘယ်အဖွဲ့ကလဲတော့ မသိသေးဘူး။ ပြောက်ကျားဝတ်ပဲ။ သိရသလောက်ကတော့ KIA နဲ့ TNLA နဲ့ ပေါင်းထားတာလို့တော့ သိတယ်။ ကျွန်တော်တို့ဆီက တပ်ဖွဲ့က တစ်ယောက်ကျသွားတယ်။ ဒုရဲအုပ်တစ်ယောက်ကျတယ် ။ နှစ်ယောက်သုံးယောက်လောက် ဒဏ်ရာရတယ်။ ပြည်သူ့စစ်လည်း ပါတယ်"လို့ မူဆယ်မြို့မရဲစခန်းတာဝန်ကျအရာရှိတစ်ဦးက ပြောပါတယ်။

play


လက်ရှိအချိန်အထိ အဆိုပါနေရာမှာ ကြိုကြားပစ်ခတ်မှုတွေရှိနေပြီး နယ်မြေခံတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

"သေတာက အားလုံး ၁၇ ယောက်ရှိတယ်။ ရဲတစ်ယောက်ပါတယ် ပြည်သူ့စစ်က ၁၃ ယောက်ပါတယ်။ မြေပြင်အနေအထားအရ ၁၃ ယောက်ပဲ သိသေးတယ်။ အတည်ပြုလို့တော့ မရသေးဘူး” လို့ မူဆယ်မြို့ ဒေသခံ ကိုခင်မောင်လွင်က ပြောပါတယ်။ လက်ရှိမှာတော့ ဝင်ရောက်တိုက်ခိုက်တဲ့ လက်နက်ကိုင်အဖွဲ့က ဆုတ်သွားပြီလို့သိရပြီး ဒဏ်ရာရသူ ၈ ယောက်ကို ဆေးရုံပို့ထားတယ်လို့ ဆိုပါတယ်။

play


"တပ်ပေါင်းစုလို့ထင်တယ်။ ရွာထဲကနေဝင်လာပြီး ပြည်သူ့စစ်တွေထောင်ထားတဲ့ကစားဝိုင်းတွေရှိတယ်လေ။ အဲ့လိုဝိုင်းတွေကို သူတို့က ဝင်စီးပြီးတော့ ပစ်တာပေါ့။ သုံးနေရာကိုဝင်ပစ်တယ်တဲ့။ အကျအဆုံးရှိမယ် သူတို့သေနတ်တွေပြန်ကောက်ပြီး ထွက်သွားတာ တွေရှိတယ်တဲ့။ ရွာသားတွေ ပြောတာပေါ့လေ။ အခုတော့ တပ်ကလည်းရောက်နေပီ။ ရှင်းလင်းရေးလုပ်နေတယ်လို့ ကြားရတယ်။ အခုဖြစ်တဲ့နားက ကားအရမ်းကြပ်တာ အခုဘယ်ကားမှ မရှိတော့ဘူး အသွားအလာအရမ်းရှင်းသွားပြီ"လို့ မူဆယ်မြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ် ဦးစိုင်းမြင့်လွင်က ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD