AD
AD
AD
play

 

စစ်ပွဲတွေရပ်တန့်ရေးဖို့နဲ့ စစ်ဘေးသင့်ပြည်သူတွေကို လွတ်လွတ်လပ်လပ် ကူညီထောက်ပံ့ခွင့် ရရှိရေးအတွက် ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှု ချီတက်လမ်း လျှောက်ဆန္ဒပြပွဲမှာပါဝင်သူတွေကို  ရဲတပ်ဖွဲ့က ဖြိုခွင်းဖမ်းဆီးပြီး တာမွေအဝိုင်းထိပ်မှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တယ်လို့ ဆဲဗင်းဒေးသတင်းစာက ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှု ချီတက်လမ်း လျှောက်ဆန္ဒပြပွဲကို တာမွေအဝိုင်းထိပ်ရှိ Ocean စင်တာရှေ့ကနေ စတင်ပြီး မဟာဗန္ဓုလပန်းခြံအထိ ချီတက်ဖို့ စီစဉ်နေတဲ့အချိန်မှာ ရဲတပ်ဖွဲ့က ဖြိုခွင်းဖမ်းဆီးခဲ့ပြီး ဦးဆောင်ဆန္ဒပြတောင်းဆိုသူ အမျိုးသားငါးဦးနဲ့ အမျိုးသမီးနှစ်ဦး စုစုပေါင်း ခုနစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

play

 

စစ်ပွဲတွေရပ်တန့်ဖို့ ဆန္ဒပြတောင်းဆိုသူတွေ ကြေညာထားတဲ့ ညနေ ၅ နာရီ မရောက်ခင် တစ်နာရီအလိုကတည်းက သူတို့ကို တန်ပြန်ဆန္ဒပြဖို့ အမျိုးသားရေး လှုပ်ရှားသူတွေ အပါအဝင် အမည်မသိ လူပုဂ္ဂိုလ်အင်အား ၅၀ ခန့်နဲ့ ဆန္ဒပြသူတွေကို တားဆီးဖို့ ရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်က တာမွေအဝိုင်းထိပ်မှာ စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

၅ နာရီ ၁၅ မိနစ်မှာ စစ်ပွဲတွေ ရပ်တန့်ဖို့ ဆန္ဒပြတောင်းဆိုသူ ၅၀ ခန့်က Ocean စင်တာဘေးမှာ စတင်စုဝေးမှု ပြုလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း ဆန္ဒပြသူတွေကို ပိတ်ဆို့တားဆီးခဲ့ပါတယ်။

ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားချိန်မှာ ရဲတပ်ဖွဲ့ဝင်တချို့က သတင်းထောက်တွေကိုလည်း ရိုက်နှက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် သတင်းထောက်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကြား ရုန်းရင်းဆန်ခတ်ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒထုတ်ဖော်မယ့် လမ်းကြောင်းက အများပြည်သူ ခရီးသွားလာမှု အနှောင့်အယှက်အဟန့်အတား ဖြစ်စေခြင်း၊ စိတ်ငြိုငြင်စေခြင်း၊ အန္တရာယ်ဖြစ် စေခြင်းနှင့် စိုးရိမ်ထိတ်လန့်စေ ခြင်းတို့ ဖြစ်ပေါ်စေနိုင်တဲ့အပြင် ယာဉ်အသွားအလာများပြားခြင်း၊ ယာဉ်ကြော ရှုပ်ထွေးခြင်းတို့ ကြောင့် ခွင့်မပြုနိုင်ကြောင်း အသိပေးထားတယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။

Photos : Myanmar Now

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD