AD
AD
AD
play

 

YBS (၂၀)ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်နှစ်စီးယာဉ် ရပ်နားစခန်းအတွင်း YBS ဘတ်စ်ကားနှစ်စီး မတော်တဆချိတ်မိပြီး ကားမှန်တချို့ ကွဲသွားလို့ အဆိုပါကားယာဉ်မောင်းကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ ယာဉ်ပိုင်ရှင်ဦးကျော်နေ၀င်းနဲ့ ဦးဇွဲနေ၀င်းတို့ကို အရေးယူဖို့ မြို့နယ် တရားရုံးကိုလျောက်ထားခဲ့တယ်လို့ ဆဲဗင်းဒေးသတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လှိုင်သာယာမြို့နယ် ဒဂုံ ဧရာအဝေးပြေးနားက OMNI FOCUS YBS (၂၀)ယာဉ်ရပ်နား စခန်းအတွင်း ဧပြီ ၂၈ ရက် မနက် ၁၁ နာရီက ဗိုလ်တထောင်ကနေ လှိုင်သာယာသို့ ပြန်လာတဲ့ ယာဉ်မောင်းဦးကျော်မင်းထွန်း မောင်းနှင်တဲ့ယာဉ်က ကားဝင်းအတွင်းအရောက် ၀ပ်ရှော့ကနေထွက်လာတဲ့ ယာဉ်မောင်းဦးအောင်မြတ်မောင်းနှင်လာတဲ့ ယာဉ်တို့ ချိတ်မိလို့ ယာဉ်မောင်းနှစ်ဦးကို ယာဉ်မှုစစ်ရုံးမှာ ယာဉ်မဆင် မခြင်မောင်းနှင်မှု ပုဒ်မ ၂၇၉ နဲ့ အမှုဖွင့်တရားစွဲဆိုထားတယ်လို့ OMNI FOCUS YBS (၂၀) ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဆိုပါယာဉ်နှစ်စီးစလုံးက AMI မှာ အလုံးစုံအာမခံထားတဲ့ ယာဉ်တွေဖြစ်လို့ ယာဉ်နှစ်စီးအားဝပ်ရှော့ပို့ ပြီး ပြန်အထွက်မှာ OMNI FOCUS YBS (၂၀) ယာဉ်ပိုင်ရှင်ဦးကျော် နေ၀င်းနဲ့ ဦးဇွဲနေ၀င်းတို့ ရောက်ရှိလာတယ်လို့ တိုင်ကြားစာမှာ ပါရှိပါတယ်။

play

 

ယာဉ်မောင်းဦးအောင်မြတ်ကို ဦးကျော်နေ၀င်းက ကားများကိုပျက် စီးအောင်လုပ်တာလားဆိုကာ ဘယ်ဘက်အရှိုက်နံရိုးနားကို ရှူး ဖိနပ်အချွန်နဲ့ ကန်ကာ လည်ပင်းကိုညှစ်တဲ့အပြင် ဦးဇွဲနေ၀င်းကလည်း လက်နှစ်ဖက်နဲ့ ဦးအောင်မြတ်နားရင်းကို ရိုက်နှက်ခဲ့တယ်ဆိုပါတယ်။

ဦးကျော်နေ၀င်းက ယာဉ်မောင်းနှစ်ဦးစလုံးကို လစာမပေးဖို့နဲ့ အလုပ်ကနေ အပြီးထုတ်လိုက်ပြီဆိုကာ ယာဉ်မောင်း လိုင်စင်တွေ သိမ်းယူခဲ့တဲ့အပြင် ဆဲဆိုခြိမ်းခြောက်ပြောဆိုတာတွေလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဦးအောင်မြတ်က ရှူးဖိနပ်အချွန်နဲ့ အကန်ခံရတဲ့နေရာမှာ ဒဏ်ရာရရှိခဲ့ပြီး လှိုင်သာယာပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရကာ ဦး ကျော်နေ၀င်းနဲ့ ဦးဇွဲနေ၀င်းတို့ကို အရေးယူပေးဖို့ မေလ ၁၀ ရက် က သောင်ကြီးနယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်ကြားကာ မေလ ၁၁ ရက်မှာ မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအမှုနဲ့ ပတ်သက်ပြီး လှိုင်သာယာမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုကို တရားရုံးကလက်ခံပြီး တွဲဖက်မြို့နယ် တရားသူကြီး(၁)က မေလ ၂၅ ရက် မနက် ၁၀ နာရီသို့ ရုံးချိန်းချိန်းဆို ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD