AD
AD
AD
play
ပြည်တွင်းရှိ လက်လီအရောင်းကုမ္ပဏီတစ်ခုဖြစ်သည့် စီးတီးမတ်။

 

ပြည်တွင်းလက်လီလက်ကားရောင်းချရေးလုပ်ငန်းတွေမှာ နိုင်ငံခြားသားကုမ္ပဏီတွေကို ၀င်ရောက်လုပ်ကိုင်ခွင့်ပြုလိုက်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ ကြေညာချက် ထုတ်ပြန်လိုက်တယ်လို့ ဒီနေ့ထုတ်ဆဲဗင်းဒေး သတင်းစာမှာ ဖော်ပြထားပါတယ်။

လက်လီလက်ကားရောင်းချသူတွေအကြားမှာ ယှဉ်ပြိုင်မှုတိုးလာပြီး စားသုံးသူတွေအတွက် ရွေးချယ်ခွင့်ပိုမိုရရှိစေရန်၊ ကုန်ပစ္စည်း၊၀န်ဆောင်မှုနဲ့ နည်းပညာ အရည်အသွေးတိုးတက်စေရန်၊ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ချက်နဲ့ နိုင်ငံခြားသား ကုမ္ပဏီ၊ မြန်မာနဲ့ နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီတွေ မေလ ၉ ရက် နေ့က စတင်ခွင့်ပြုပေးလိုက်တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့တာပါ။

ဝင်ရောက်လုပ်ကိုင်မယ့် နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေနဲ့ နိုင်ငံခြားနဲ့ မြန်မာပူးပေါင်းဆောင်ရွက်တဲ့ ကုမ္ပဏီတွေ အနေနဲ့ လက်ကားရောင်းချရေး စီးပွားရေး စတင်လုပ်ကိုင်မယ်ဆိုရင် မြေ ငှားရမ်းခမပါ ကန်ဒေါ်လာ ၅ သန်းနဲ့ လက်လီလုပ်ငန်းအတွက် ဒေါ်လာ၃သန်း ကနဦး မ,တည်ရင်း နှီးရမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။

ဒါပေမယ့် အရင်းအနှီး၊ နည်းပညာနှင့် ဈေးကွက်ချဲ့ထွင်နိုင်မှုအားနည်းနေတဲ့ ပြည်တွင်းအသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေ အပါအဝင် အရောင်းဆိုင်လုပ်ငန်းတွေမှာ အခက်အခဲဖြစ်နိုင်တယ်လို့ လှိုင်သာယာစက်မှုဇုန်(၁) မှ ထုတ်ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လက်လီလက်ကားရောင်းချဖြန်ဖြူးခြင်းတွေအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ထားပြီး လိုက်နာဖို့ ပျက်ကွက်ပါက သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေအရ အရေးယူခံရမှာဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD