AD
AD
AD
play

 

သီလ၀ါဆိပ်ကမ်းမြေယာ အငြင်းပွားမှုမှာ ရဲတပ်ဖွဲ့က အင်အားသုံးဖြေရှင်းခဲ့လို့ လူနှစ်ဦး ရော်ဘာကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်က လုပ်ကိုင်ခွင့်ရထားတဲ့ သီလ၀ါဆိပ်ကမ်းမြေမှာ နေထိုင်သူတွေကို ကုမ္ပဏီက ဖယ်ရှားခဲ့ရာ ရုန်းရင်းဆန်ခတ် မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့က မေလ ၁၂ ရက်နေ့က အင်အားသုံးဖြေရှင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရော်ဘာကျည်ထိမှန်ခဲ့တဲ့ လူနှစ်ဦးက သန်လျင်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး တချို့လူတွေကတော့ အဖမ်းခံထားရတယ်လို့ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ဆဲဗင်းဒေး သတင်းစာကို ပြောပါတယ်။

အဓိကရုဏ်းဖြစ်ပွားခဲ့တဲ့ မြေက ကုမ္ပဏီနဲ့ လယ်ယာမြေပိုင်ဆိုင်သူတွေအကြား မြေယာလျော်ကြေးနဲ့ ပတ်သက်ပြီး အငြင်းပွားနေတဲ့အပြင် လယ်ယာမြေနဲ့  အခြားမြေတွေသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးအဖွဲ့က စိစစ်နေတဲ့ အမှုဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျောက်တန်းမြို့နယ်ရဲ တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက‘‘ပစ် ခတ်ထိန်းသိမ်းတာတော့ ဟုတ်ပါ တယ်။ လောလေဆယ်တော့ မအားသေးလို့ အသေးစိတ်တော့ ပြောလို့မရသေးဘူး။ ကျွန်တော် လည်း အခုကွင်းထဲရောက်နေတာ။ အဲဒီကိစ္စနဲ့ အလုပ်ရှုပ်နေလို့’’လို့ ပြောပါတယ်။

မြေယာအငြင်းပွား မှုဖြစ်စဉ်ကို ပြည်ထဲရေး ဒုတိယ၀န်ကြီးထံ ဆက်သွယ်ပြီး ပြဿနာကို ညှိနှိုင်းဖြေရှင်းဖို့ ၊ အရေးယူဖို့ လိုအပ်ရင် ဥပဒေအရ အရေးယူပေးဖို့ အကူအညီ တောင်းခံထားတဲ့အပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို သွားရောက်တွေ့ဆုံဖို့လည်း ဆွေးနွေးထားတယ်လို့ ဒေါ်အေးမြမြမျိုးက ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD