AD
AD
AD
play

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ရတနာရွှေအိတ် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီမှာ မေ ၁၃ ရက် ည ၇ နာရီခွဲက ကျောက်မျက်တူးဖော်ရေးကုမ္ပဏီနဲ့ ကုမ္ပဏီဝန်ထမ်းတွေ လုပ်ခလစာညှိနှိုင်းမှု အဆင်မပြေတာကြောင့်  ကုမ္ပဏီဝန်ထမ်းတွေက ကုမ္ပဏီပိုင်ရုံးခန်းနဲ့ လူနေအဆောင်တွေကို  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာနားက ရတနာရွှေအိတ်ကျောက်မျက်ကုမ္ပဏီမှာ မေလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ကုမ္ပဏီ ဝန်ထမ်း ရာသီကုန်လုပ်ကွက်သိမ်းချိန်ကို မေ ၁၅ ရက်မှာ ရပ်ဆိုင်းပေးဖို့နဲ့ အချိန်ပိုလုပ်ခတွေ ရယူလိုကြောင်း တောင်းဆိုမှုတွေ ပြုလုပ်ခဲ့လို့ ကုမ္ပဏီ ဝန်ထမ်းတွေနဲ့ ညှိနှိုင်းမှုအဆင်မပြေဖြစ်တာကနေ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

play

 

အဆိုပါ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီက ဝန်ထမ်း ၂၅၀၀ ထဲက ဝန်ထမ်း ၁၀၀၀ ခန့်က မေလ ၁၃ ရက်နေ့ ည ၇ နာရီခွဲမှာ ကုမ္ပဏီရုံးခန်းနဲ့ လူနေအဆောင်တွေကို ခဲတွေနဲ့ ပစ်ပေါက်ခြင်း အကြမ်းဖက်တာတွေပြုလုပ်ခဲ့ပြီး ကုမ္ပဏီလုံခြုံရေး တာဝန်ကျနယ်မြေခံရဲတပ်ဖွဲ့က သေနတ် မိုးပေါ်ထောင်ဖောက်ပြီး ခြောက်လှန့်ခဲ့ပေမယ့် ပြန်လည်ထွက်ခွာသွားခြင်းမရှိဘဲ ကုမ္ပဏီရုံးခန်းအပါအဝင် လူနေ အိပ်ဆောင်ငါးလုံး၊ ဘက်ဟိုးတစ်စီး၊ ဂါလန်၂၄၀၀ ဆံ့ ဆီလှောင်တိုင်ကီခြောက်လုံးတို့ကို မီးရှို့ထွက်ပြေးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်သူ ၂၀ ကို ထိန်းသိမ်းထားရှိကာ အခင်းဖြစ်ပွားတဲ့နေရာမှာ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့က လုံခြုံရေး ရယူထားတယ်လို့ သိရပါတယ်။

Photos : Hpa Khant News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD