AD
AD
AD
play

 

လှိုင်သာယာမြို့နယ်မှာ ဟွေခ်တုံးအပန်းဖြေ အနားယူဆိုင် ဆိုင်းဘုတ်တင်ပြီး ခွင့်ပြုချက်မရှိဘဲ တရားမဝင်အနှိပ်ခန်းဖွင့်လှစ်ဖို့ အတွက် အဆောက်အအုံနဲ့ အခန်းတွေ တရားမဝင်ဆောက်လုပ်ပြင်ဆင်နေတာကို အရေးယူဆောင်ဖို့ စီစဉ်နေတယ်လို့ ဒီနေ့ (မေလ ၁၄) ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

လှိုင်သာယာမြို့နယ်၊ အမှတ် ၆ ရပ်ကွက် န၀ဒေးအိမ်ရာ၊ တိုက်(၁) အခန်း အမှတ် (၆၊ ၇ ၊၈) မှာ မေ ၁၀ ရက်က ဟွေခ်တုံးအပန်းဖြေ အနားယူဆိုင် ဆိုင်းဘုတ်တင်ပြီး တရားမဝင်အနှိပ်ခန်းတွေပြုလုပ်ဖို့ အဆောက်အဦတွေဆောက်လုပ် ပြင်ဆင်နေလို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဆိုင်ကို ဦးဝင်းမောင် (၃၂ နှစ်) န၀ဒေးအိမ်ရာ အမှတ် ၆ ရပ်ကွက် လှိုင်သာယာမြို့နယ်နေသူက အခန်းပိုင်ရှင်သုံးဦးထံက အခန်းသုံးခန်း 
ငှားရမ်းထားပြီး အနှိပ်ခန်းပြုလုပ်ဖို့ အခန်း ၃၃ ခန်းမှာ မွေ့ရာ ၂၁ လုံး၊ နှိပ်ခုတင် ၁၉ လုံးတို့ကို ပြင်ဆင်နေတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

play

 

အဆိုပါနေရာမှာ တရုတ်အလုပ်သမား တစ်ဦး၊ ဝိုင်းမော်မြို့နယ်နဲ့ ကွမ်းလုံမြို့နယ်တို့မှ အမျိုးသမီးအလုပ်သမားလေးဦး စုစုပေါင်းငါးဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး နိုင်ငံခြားသား ရောက်ရှိကြောင်း သတင်းပို့တိုင်ကြားတဲ့ ပုံစံ (Form-C) မရှိလို့ အခန်းငှားရမ်းသူ ဦးဝင်းမောင်ကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနကနေ ၁၉၄၈ ခုနှစ် နိုင်ငံခြားသားအက်ဥပဒေပုဒ်မ ၅(၁) နဲ့ မြို့နယ်တရားရုံးမှာ တရားစွဲဆိုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ခွင့်ပြုချက်မဲ့ အဆောက်အအုံ ပြင်ဆင်တာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေတွေနဲ့ အညီ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

 

ဟွေ့ခ်တုံးအပန်းဖြေစခန်းမှ တရုတ်စကားပြန် (၃)ဦး၊ အလုပ်သမားအမျိုးသမီး (၂၀) ဦး၊ အမျိုးသား (၂) ဦး၊ စားဖိုမှူး (၁) ဦး ခေါ်ယူရန် ကြော်ငြာခဲ့ပြီး အမျိုးသမီးအလုပ်သမားတစ်ဦးကို လစာ ၄ သိန်းကနေ ၁၀ သိန်းအထိနဲ့ အမျိုးသားအလုပ်သမားတစ်ဦးကို လစာ ၁ သိန်း ၂ သောင်းကျပ်နဲ့ ခေါ်ယူဖို့ ကြော်ငြာခဲ့တာကြောင့် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD