AD
AD
AD
play
Photo : The Voice

 

မေလ ၁၂ ရက် ညနေပိုင်းက ရန်ကုန်မြို့တာမွေအ၀ိုင်းထိပ်နားမှာ ပြုလုပ်ခဲ့တဲ့ စစ်ပွဲများရပ်တန့်ရေး ဆန္ဒပြပွဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဆန္ဒပြသူ ရှစ် ဦးကို ပုဒ်မ၂၀ နဲ့ အမှုဖွင့်ပြီး မေလ ၁၃ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ဗဟန်းမြို့မရဲစခန်းက အာမခံပေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဗဟန်းမြို့မ ရဲစခန်းကနေ သိရပါတယ်။

ငြိမ်းချမ်း​ရေးလှုပ်​ရှားမှုလူထုဆန္ဒပြပွဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကို​ဇေယျာလွင်​၊ ကိုတင်​ထွဋ်​ပိုင်​၊ ကိုမြတ်​​ကျော်​၊ ကိုဖိုးစိုး၊ မခင်​စန္ဒာတို့ အပါအဝင်​ ရှစ်​ဦးကို ဗဟန်းမြို့မရဲစခန်းက ၂၄နာရီ ထိန်းသိမ်းပြီး​နောက်​ပိုင်း ချုပ်​မိန့်​ကင်းလွတ်​ခွင့်အာမခံ ကိုယ်​ပိုင်​ခံဝန်​နဲ့ အာမခံ​ပေးလိုက်​တာ ဖြစ်ပါတယ်။

play
Photo : Myanmar Now

 

ငြိမ်းစုစီဥပ​ဒေ ပုဒ်မ ၂၀ မှာ ပြစ်​မှုတစ်​ခုခုကို ​ဖောက်​ဖျက်​ကျူးလွန်​ရင် ကျူးလွန်သူကို ပြစ်​မှု​ဖောက်​ဖျက်​ကျူးလွန်​တဲ့နေ့ကနေ ၁၅ ရက်​အတွင်း သက်​ဆိုင်​ရာတရားရုံးသို့ တရားစွဲဆိုတင်​ပို့ရမယ်​လို့ ပါရှိပါတယ်​။ ဒီဥပဒေမှာ ပြစ်​မှုထင်​ရှား​ကြောင်း ​ပေါ်လွင်​ရင်​​ ထောင်​ဒဏ်​ တစ်လနဲ့ ဒဏ်​​ငွေ သုံးသောင်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။

 

မေလ ၁၂ ရက်နေ့ ညနေ ငါးနာရီ​လောက်​က ရန်​ကုန်​မြို့တာမွေအ၀ိုင်းထိပ် အိုးရှန်း​ရှေ့မှာ စတင်ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်း​ရေး လူထုလှုပ်​ရှားမှု ချီတက်​ပွဲကို ရဲတပ်​ဖွဲ့​တွေက အင်​အားသုံးတားမြစ်​ခဲ့ပြီး ဆန္ဒထုတ်​​ဖော်​သူ​တွေ ဆန္ဒထုတ်ဖော်သူ ရှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD