AD
AD
AD
play

 

လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာမှာ Aung Naing Htwe ဆိုတဲ့ ဖေ့ဘုတ်အကောင့်ပိုင်ရှင်က အခုရက်ပိုင်းအတွင်း ကမ္ဘာ့ရတနာဘဏ် ဒေ၀ါလီခံတော့မယ်လို့ ရေးသားခဲ့တာနဲ့ ပတ်သက်ပြီး လုံးဝမဟုတ်မှန်ဘူးလို့ ကမ္ဘာ့ရတနာဘဏ်က မေလ ၁၃ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ကြေညာချက်ထဲမှာ ကမ္ဘာ့ရတနာ (GTB) ဘဏ်က ဗဟိုဘဏ်ရဲ့ ကြီးကြပ်မှုအောက်မှာ ဘဏ်လုပ်ငန်းဆိုင်ရာနဲ့ ဘဏ္ဍာရေး ကိစ္စတွေကို ချမှတ်ထားတဲ့ စည်းကမ်းနဲ့အညီ လိုက်နာဆောင်ရွက်နေပြီး သတင်းမှားမှာ ဖော်ပြထားတဲ့ ရှယ်ယာရှင် အစည်းအဝေးကိစ္စကို လုပ်ဆောင်ဖို့မရှိသေးဘဲ သတ်မှတ်သတ်တမ်းတွေမှာပဲ အတိအကျလုပ်ဆောင်မှာဖြစ်ပြီး Customer တွေကို တရားဝင်အသိပေးပြီးမှသာ လုပ်ဆောင်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

play

 

Aung Naing Htwe ခေါ် ဂိုရှယ်လ်လေးဆိုတဲ့ ဖေ့ဘုတ်စာမျက်နှာမှာရေးသားထားတာက ကမ္ဘာ့ရတနာဘဏ် မကြာခင် ဒေ၀ါလီခံ ပိတ်သိမ်းမှာ ဖြစ်ပြီး ချေးငွေအတွက် ရာပြတ်အဖွဲ့မှ စိုးထွန်းရှိန်နှင့်ပေါင်းကာ သိန်း ၁၀၀ တန်ကို သိန်း ၅၀၀ ပြပေးခဲ့ပြီး ငွေကြေးကတိယူကာ ငွေတွေ ထုတ်ချေးခဲ့ပြီး ယခုအခါ ပြန်လည် ပေးသွင်းတော့မည် မဟုတ်ကြောင်းသိရကာ အဆိုပါ ရာပြတ်အဖွဲ့မှ ဆောင်ရွက်ထားတဲ့ မသာမှုများစွာ ရှိနေတယ်လို့ အမည်မဖေါ်လိုသူ အစုရှယ်ယာဝင်တစ်ဦးက ပြောပြကြောင်း ဖော်ပြထားပါတယ် ။

GTB ဘဏ်က ပြန်လည်ရှင်းလင်းရာမှာ ချေးငွေဆိုင်ရာကိစ္စရပ်တွေကို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်နေတဲ့ အတွက် သတင်းမှား ဖေါ်ပြသလို တစ်စုံတစ်ရာမှားယွင်းမှုမရှိကြောင်း ထပ်လောင်းသတင်းပေးထားကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါကြောင့် အခုဖြစ်ပွားနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာ့ရတနာဘဏ်အနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ လည်း ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD