AD
AD
AD
play

 

YBS (20) ယာဉ်လိုင်းမှ ခရီးသည်ယာဉ်နှစ်စီးရဲ့ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ယာဉ်မောင်းနှစ်ဦးက တရားရုံးကို လျောက်ထားခဲ့တဲ့ ကိစ္စအပေါ် ဥပဒေအတိုင်း ဖြေရှင်းမယ်လို့ လို့ OMINI FOCUS ကုမ္ပဏီပိုင်ရှင် ဦးကျော်နေ၀င်းက ပြောပါတယ်။

ယာဉ်ရပ်နားစခန်းအတွင်း မတော်တဆမှုမှ ကားမှန်တချို့ကွဲခဲ့တဲ့အပေါ် ယာဉ်မောင်းဦးအောင်မြတ်ကို ယာဉ်ပိုင်ရှင်ဦးကျော်နေ၀င်းနဲ့ ဦးဇွဲနေ၀င်း တို့နှစ်ဦးက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်ဆိုပြီး အရေးယူပေးဖို့အတွက် လှိုင်သာယာမြို့နယ်တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

တရားရုံးကနေတိုင်ကြားသူ ဦးအောင်မြတ်ရဲ့ တိုင်ကြားမှုကို သောင်ကြီးနယ်မြေရဲစခန်းက တဆင့် မေလ ၁၁ ရက်မှာ ဦးတိုက်လျှောက်ထားမှုကို လက်ခံခဲ့ပါတယ်။

"အခုလောလောဆယ် တရားရုံးကိစ္စကတော့ အကိုတို့ စုံစမ်းနေဆဲပဲပေါ့။ ဒါပေမယ့် ကာယကံရှင်တွေက အကုန်လုံး ဖြေရှင်းသွားပါလိမ့်မယ်။ အဲ့လိုပဲပြောလို့ရပါတယ်။ မကြာခင်မှာ ဒီဘက်က ကိုကျော်နေ၀င်းကိုယ်တိုင် မီဒီယာတွေကို အသိပေးပြီးဖြေရှင်းသွားပါမယ်"လို့ OMINI FOCUS ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ ဦးထွန်းတောက်ဝင်းက ဓူဝံ မီဒီယာကို ပြောပါတယ်။

play
ဦးကျော်နေဝင်း Photo : 7DayDaily

 

လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေးအနီးမှာရှိတဲ့ OMINI FOCUS ကုမ္ပဏီပိုင် YBS (20) ယာဉ်ရပ်နားစခန်းအတွင်းမှာ ဧပြီ ၂၈ ရက်နံနက် ၁၁ နာရီက ဗိုလ်တစ်ထောင်ကနေ လှိုင်သာယာကို ပြန်လာတဲ့ ယာဉ်မောင်းကျော်မင်းထွန်းမောင်းနှင်တဲ့ယာဉ်က ကားဝင်းအတွင်း ၀င်ရောက် ရာမှာ ၀ပ်ရှော့ကနေထွက်လာတဲ့ ယာဉ်မောင်း ဦးအောင်မြတ်မောင်းနှင်တဲ့ ယာဉ်နဲ့ချိတ်မိတာကြောင့် ယာဉ်မောင်းနှစ်ဦးကို ယာဉ်မှုစစ်ရုံးမှာ ယာဉ်မဆင်မခြင်မောင်းနှင်မှု ပုဒ်မ ၂၇၉ နဲ့ တရားစွဲထားတယ်လို့ ကုမ္ပဏီပိုင်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။

 

တရားရုံးကို တိုင်ကြားတဲ့စာမှာတော့ ဦးကျော်နေ၀င်းက ယာဉ်မောင်းနှစ်ဦးစလုံးကို လစာမပေးဖို့နဲ့ အလုပ်မှ အပြီးထုတ်လိုက်ပြီဟုဆိုပြီး ယာဉ်မောင်းလိုင်စင်တွေကို သိမ်းယူခဲ့တဲ့အပြင် ခြိမ်းခြောက်ပြောဆိုမှုတွေရှိနေတယ်လို့ ဖော်ပြထားပါတယ်။ တရားရုံးသို့ ဦးတိုက် လျှောက်ထားတဲ့ တိုင်ကြားစာမှာ ဦးကျော်နေ၀င်းက ယာဉ်မောင်းနှစ်ဦးစလုံးကို လစာမပေးဖို့နဲ့ အလုပ်မှ အပြီးထုတ်လိုက်ပြီဟု ဆိုကာ ယာဉ်မောင်းလိုင်စင်တွေ သိမ်းယူခဲ့တဲ့အပြင် ခြိမ်းခြောက်ပြောဆိုမှုတွေရှိတယ်လို့ ဖော်ပြထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD