AD
AD
AD
play

 

ပုဂံကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ဖို့အတွက် အထောက်အကူပြုနိုင်ဖို့ နှလုံးသားထဲက ပုဂံဓာတ်ပုံပြပွဲကို ရန်ကုန်မြို့က အမျိုးသားပြတိုက်မှာ မေလ ၁၃ ၊ ၁၄ နဲ့ ၁၅ ရက်နေ့တွေမှာ ကျင်းပပြုလုပ်နေပါတယ်။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့အတွက် ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ အဆုံးအဖြတ်ပေးသွားမှာဖြစ်ပြီး လက်ရှိမှာတော့ စာရင်းဝင်ဖို့ အတွက် ဒီပြပွဲကနေတစ်ဆင့် အထောက်အပံ့ပေးအပ်နိုင်မယ်လို့ သိရပါတယ်။

play

 

"ပုဂံဒေသက စေတီပုထိုးတွေရဲ့မြင်ကွင်းတွေကို ဓါတ်ပုံဆရာပေါင်းများစွာက လက်ရာတွေကိုမြင်ရမယ်။ ပုဂံက ကမ္ဘာ့အမွေအနှစ် လျှောက်ထားချက် သုံးချက်နဲ့ လျှောက်ထားတယ်။ နိုင်ငံသားတိုင်းက ပုဂံကို ကမ္ဘာ့အမွေအနှစ်ဝင်ချင်ကြတာပဲလေ။ ယူနက်စကိုရဲ့ စံသတ်မှတ်ချက် အရ အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့ အမွေအနှစ်ကို သိရှိရန်ပြသတယ်ဆိုတာ ပါတယ်။ အဲ့လိုပြသဖို့အတွက် ကျွန်တော်တို့တွေကိုယ်တိုင် ဒီလိုပြပွဲလုပ်ပြီး ပြသတာပါ"လို့ ပြပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ဦးမျိုးဆွေသန်းက ပြောပါတယ်။

ဒီလိုဓာတ်ပုံပြပွဲကို ပုဂံမှာတစ်ကြိမ်ပြုလုပ်ဖူးပြီး အခုအကြိမ်က ဒုတိယအကြိမ်ကျင်းပတာဖြစ်ပါတယ်။ ဒီဓာတ်ပုံပြပွဲမှာ ဓတ်ပုံဆရာပေါင်း ၉၁ ယောက်ရဲ့ ပုံပေါင်း ၂၀၀ ကျော်ကို ပြသတာဖြစ်ပြီး မနက်ဖြန် မေလ ၁၅ ရက်နေ့အထိ မနက် ၉ နာရီကနေ ညနေငါးနာရီအထိ အခမဲ့ ၀င်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD