AD
AD
AD
play

 

အသက် (၁၄)နှစ်အရွယ် အိမ်အကူမိန်းကလေးကို ဖြားယောင်းခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့ အသက် (၂၃)နှစ်အရွယ် အမျိုး သားကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက မေလ ၁၁ နေ့မှာ ပုဒ်မနှစ်ခုနဲ့ ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခဲ့တယ်လို့ ဒီနေ့ထုတ် 7DayDaily သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။

အသက် (၁၄)နှစ်အရွယ် အိမ်အကူမိန်းကလေးကို ဖြားယောင်းခေါ်ဆောင်ကာ အဓမ္မ ပြုကျင့်သည့် (၂၃)နှစ် အရွယ် ဝေယံ(ခ) အောင်ပိုင်ကို လူခိုး မှုပုဒ်မ ၃၆၃ အရ အလုပ်ကြမ်းနဲ့ ထာင်ဒဏ်သုံးနှစ်၊ အဓမ္မပြုကျင့်မှုပုဒ်မ ၃၇၆ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ပြီး ပြစ်ဒဏ်နှစ်ရပ်သီးခြားစီ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ မေလ ၁၉ ရက်က သင်္ဃန်းကျွန်းမြို့နယ် ဘ၀မြင့် ရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်အိမ်မှာ အိမ်အကူလုပ်ကိုင်နေတဲ့ (၁၄) နှစ်အရွယ် မိန်းကလေးက နေအိမ်ကနေ ပျောက်ဆုံးသွားတယ်လို့ အိမ်ရှင်က မိန်းကလေးရဲ့ မိခင်ထံ ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

မိခင်က အဆိုပါမိန်းကလေး အလုပ်လုပ်ကိုင်နေတဲ့ အိမ်ကိုလိုက်သွားပြီး သမီးဖြစ်သူက အိမ်ကိုပြန်လည်ရောက်ရှိနေတဲ့ သမီးဖြစ်သူကိုမေးမြန်း ရာမှာ ၂၀၁၇ မေလ ၁၈ရက် ညက အိမ်ရှင်တွေ အိပ်နေချိန် နေအိမ်ကနေထွက်လာပြီး ရည်စားဖြစ်သူ ဝေယံ(ခ)အောင်ပိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

ထို့နောက် ဝေယံ(ခ)အောင်ပိုင်က ဘ၀မြင့်ရပ်ကွက်ရှိ ဆောက်လက်စတိုက်ဆီကို ဖြားယောင်းခေါ်ဆောင်ကာ အဓမ္မပြုကျင်ခဲ့တယ်လို့ ပြောဆိုတာကြောင့် မိခင်က တရားလိုပြုလုပ်ကာအမှုဖွင့်တိုင်ကြားခဲ့ပြီး သင်္ဃန်းကျွန်းမြို့မရဲစခန်းက လူခိုးမှု ပုဒ်မ ၃၆၃၊ အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၆ တို့နဲ့ အမှုဖွင့် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD