AD
AD
AD
play

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန်ရဲ့ စည်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုမှာ မီးငြိမ်းသတ်ခဲ့ကြတဲ့ မီးသတ် တပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်ကြောင်း မေလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ပြည်သူသို့ ကျေးဇူးတင်လွှာမှာပါရှိပါတယ်။

မီးငြှိမ်းသတ်ရေး ကြိုးပမ်းဆောင်ရွက်ကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ စစ်သည်တွေနဲ့ ပံ့ပိုးကူညီခဲ့ကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပြည်သူ ပြည်သားတွေကို ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ခဲ့ပြီး လှူဒန်းမှုကနေရရှိတဲ့ အစားအသောက်တွေနဲ့ ပစ္စည်းပစ္စယတွေကို ဝေငှကူညီ ပေးခဲ့ကြတဲ့ လူမှုအဖွဲ့အစည်းတွေကိုလည်း ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

play

 

မီးလောင်မှုဖြစ်စဉ်အတွက် ကမ္ဘောဇအနာဂါတ်အလင်းတန်း(မြန်မာ) ဖောင်ဒေးရှင်းနဲ့ ညီနောင်မိတ်ဖက်ကုမ္ပဏီတွေက ထိုင်းနိုင်ငံက Bio Foam ဂါလံ ၅၀၀၀ ၀ယ်ယူနိုင်ဖို့ ကျပ်သိန်းပေါင်း ၃၄၀၀ လှုဒါန်းခဲ့ပြီး ပရဟိတအဖွဲ့ ၄၃ ဖွဲ့ကလည်း မီးငြှိမ်းသတ်ရေး ကြိုးပမ်းဆောင်ရွက်ကြတဲ့ သူတွေကို ၀ိုင်းဝန်းကူညီခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါ့အပြင် စုပေါင်းအင်အားနဲ့ ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်ကြမယ်ဆိုရင် စိန်ခေါ်မှု အခက်အခဲတွေကို ကျော်လွှားအောင်မြင်နိုင်ကြောင်းနဲ့ ထိန်ပင်အမှိုက်ပုံမီးလောင်မှုဖြစ်စဉ်က အထင်ရှား သက်သေပြနေပြီးဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ပြည်သူသို့ ကျေးဇူးတင်လွှာမှာ ပါရှိပါတယ်။

ထိန်ပင်အမှိုက်ပုံ မီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်မှာ မီးသတ်တပ်ဖွဲ့ဝင် (အရန်+သန္ဓေ) ၁၇၄၇ ဦး၊ စည်ပင်သာယာရေးကော်မတီမှ ၀န်ထမ်း ၇၂၂ ဦး ၊ ဆည်မြောင်းနဲ့ ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၄၁ ဦး ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၃၂၈ ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်း ၂၄ ဦး၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၁၅၆ ဦး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည် ၂၂၀ ဦး စုစုပေါင်း ၃၂၈၇ ဦးတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD