AD
AD
AD
play

 

လာမယ့် ဇွန်လ ၁ ရက်နေ့မှာစတင်မယ့် ကျောင်းဖွင့်ရာသီမှာ ကမာရွတ်တီတီစီနဲ့ ရန်ကင်းတီတီစီ ကျောင်းတွေမှာ ကျောင်းကားသစ်တွေ စတင်ပြေးဆွဲသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (YRTA) ကနေ သိရပါတယ်။

ကမာရွတ်တီတီစီ ကျောင်းမှာ ဟွန်ဒိုင်းကျောင်းကားအသစ် အစီးရေ ၈၀ နဲ့ ရန်ကင်းတီတီစီ ကျောင်းမှာ ကျောင်းကား ၁၀ စီးလောက် ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ YRTA မှာ ကျောင်းကားအစီးရေ ၂၀၀ ခန့် ရှိနေပြီး ကျောင်းတွေရဲ့ ပြေးဆွဲမယ့် ကားအရေအတွက်ပေါ်မူတည်ပြီး ယာဉ်မောင်းနဲ့ ယာဉ်ကြီးကြပ်တွေကို ခေါ်ယူသွားမှာ ဖြစ်တယ်လို့ YRTA မှ ရုံးအဖွဲ့မှူးက 7DayDaily သတင်းစာကို ပြောပါတယ်။

“ကျောင်းကားတွေ ပြေးဆွဲဖို့ အားလုံးအဆင်သင့်ဖြစ်နေပါပြီ။ ကားတွေကိုအလုံးစုံ အာမခံရရှိရေးအတွက်လည်း လုပ်ထားပါတယ်။ ကျောင်းသား တွေအတွက် ပြေးဆွဲရမှာဆိုတော့ အကုန်လုံးလုံခြုံမှုရှိအောင် လုပ်ထားပါတယ်”လို့ ဆိုပါတယ်။

play

 

ကျောင်းကားတွေမှာ GPS တွေ တပ်ဆင်ထားပြီး ကားသွား နေသည့်လမ်းကြောင်း၊ အရှိန်တို့ ကို အလုံလမ်းရှိ Traffic Control Center မှ စောင့်ကြည့်ကာ ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံရေးကို စောင့် ကြည့်မှာ ဖြစ်ပါတယ်။

ကျောင်းကားတွေ မောင်းနှင်ဖို့ယာဉ်မောင်း၊ ယာဉ်ကြီးကြပ်တွေကို မေလ ၂၀ ရက်နေ့ အထိ နောက်ဆုံးထား ခေါ်ယူနေပြီး မေလ ၁၅ ရက်နေ့အထိ လျှောက်ထားသူ ဦးရေ ၇၀ ကျော်ရှိနေကာ အမျိုးသမီး ၁၉ ဦး ပါဝင်လျှောက်ထားတယ်လို့ သိရပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်း ၂,၀၀၀ ကျော်ရှိတဲ့အနက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံးဖြစ်နေတဲ့ ၂၂ ကျောင်းကို ကျောင်းကားစနစ် ကျင့်သုံးဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက စီစဉ်ခဲ့တာဖြစ်ပြီး လာမယ့် ကျောင်းဖွင့်ရာသီမှာ စတင်မှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး အချက်အလက်တွေအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာ ကျောင်း ၂,၀၀၀ ကျော်ရှိနေပြီး ကျောင်းကားစီးရေ ၁,၅၀၀ ခန့် ပြေးဆွဲနေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD