AD
AD
AD
play

 

ရန်ကုန်တိုင်းဒေသကြီးထဲက လမ်းမတွေပေါ်မှာ မောင်းနှင်နေတဲ့ မြေကြီးသယ်ယာဉ်တွေ ဖိတ်စင်ကျမှုကြောင့် လမ်းတွေ ညစ်ညမ်းရင် ဒဏ်ငွေဆယ်ဆ အပြစ်ပေး ကောက်ခံနေတယ်လို့ ရန်ကုန်မြို့တော်ဝန် ကပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ဒုတိယအကြိမ်ပုံမှန်အစည်းအဝေး မှာ မင်္ဂလာတောင်ညွန့်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်ရဲ့ ရန်ကုန်တိုင်းဒေသကြီး နေရာအချို့မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေက ထွက်ရှိလာတဲ့ စွန့်ပစ်ပစ္စည်းမြေတွေကို စည်းကမ်းမဲ့ စွန့်ပစ်ထားခြင်းနဲ့ ပတ်သက်ပြီး အရေးယူခြင်းရှိ၊မရှိ မေးမြန်းရာမှာ မြို့တော်ဝန်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းကနေ ထွက်ပေါ်လာတဲ့ မြေကြီးတွေကို စွန့်ပစ်ဖို့ မြေကြီးသယ်ယာဉ်တွေ သွားလာရတဲ့ လမ်းကြောင်းကို သတ်မှတ်ပေးထားပြီး မြေကြီးစွန့်ထုတ်ရမယ့်နေရာတွေမှာ အစိုးရဌာနရုံးနဲ့ အများပိုင်နေရာတွေ ဖြစ်ရင် သက်ဆိုင်ရာက ထောက်ခံချက် ပါရှိမှသာ သွားလာရမှာ ဖြစ်ပြီး ည ၉ နာရီကနေ မနက် ၅ နာရီအတွင်းသာ သတ်မှတ်ထားတယ်လို့ မြို့တော်ဝန်က ဆိုပါတယ်။

play

 

“မြေကြီးသယ်ယူ စွန့်ပစ်တဲ့ အဖွဲ့ အစည်းတွေကိုလည်း မြေကြီးသယ်ယူခွင့်လမ်းကြောင်း လျှောက်ကတည်းက စည်းကမ်းနဲ့အညီ အရေးယူ မယ်ဆိုတာ ကတိခံဝန်ချက်ကို ယူထားပါတယ်။ အဲ့တော့ ယူထားပြီးမှလည်းဒါကို လုပ်ခိုင်းခြင်းဖြစ်ပါတယ်၊ စွန့်ပစ်ပစ္စည်း မြေတွေနဲ့ စည်းကမ်းမဲ့ စွန့်ပစ်ထားတာတွေ စိစစ်တွေ့ ရှိခဲ့လို့ရှိရင်တော့ ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နေရာဌာန၊ လမ်းတံတားနဲ့ ပူးပေါင်းပြီးတော့ ရှင်းလင်း ဆောင်ရွက်နေတယ်"လို့ရန်ကုန်မြို့တော်ဝန်က ပြောပါတယ်။

 

ဥပဒေအရ သက်ရောက်မှု ပြင်းထန်အောင် လက်ရှိရေးဆွဲနေတဲ့ ဥပဒေအသစ်မှာလည်း ထည့်သွင်းရေးဆွဲနေကာ လွှတ်တော်ကို တင်ပြထားပြီး ဖြစ်တယ်လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD