AD
AD
AD
play

 

လာမယ့် မေလ ၁၈ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ပြတိုက်နေ့ကို ရန်ကုန်မြို့က အမျိုးသားပြတိုက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ပြည်တွင်းက ပြတိုက် ၃၃ခုသို့ အခမဲ့ ၀င်ခွင့်ပြုသွားမယ်လို့ အမျိုးသာားပြတိုက်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ကို ရန်ကုန်နဲ့ နေပြည်တော်မှာရှိတဲ့ အမျိုးသားပြတိုက်အပြင် ဗိုလ်ချုပ်ပြတိုက်၊ ရှေးဟောင်းသုတေသန ပြတိုက်တွေမှာ အခမဲ့လာရောက်လေ့လာနိုင်မှာဖြစ်ပြီး အမျိုးသားပြတိုက်(ရန်ကုန်)မှာလည်း ပြတိုက်နဲ့ပါတ်သတ်တဲ့ စာတမ်းဖတ်တာတွေကို လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

play

 

နှစ်စဉ် မေ ၁၈ ရက်ကို အပြည်ပြည်ဆိုင်ရာ ပြတိုက်နေ့အဖြစ် ၁၉၇၇ ခုနှစ်မှ စတင်ပြီး အပြည်ပြည်ဆိုင်ရာ ပြတိုက်များ ကောင်စီက သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

 

ပြတိုက်တွေက လူ့အဖွဲ့အစည်း ဖွံ့ဖြိုး တိုးတက်ရေးယဉ်ကျေးမှုတွေ ဖလှယ်ခြင်းဖြင့် လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန် ပိုမို နားလည်လာစေခြင်း၊ ငြိမ်းချမ်းစွာအတူ ပူးပေါင်း ဆောင်ရွက်ခြင်းတို့အတွက် အရေးပါကြောင်းကို သတိပြုမိစေရန် နှစ်စဉ်ပြတိုက်နေ့အဖြစ် သတ်မှတ်ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD