AD
AD
AD
play
ထားဝယ်ချောင်အမှိုက်ပုံမြင်ကွင်း၊ Photo : Pho Thiha

 

လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံလို မီးလောင်မှု မဖြစ်ပွားအောင် ထားဝယ်ချောင်အမှိုက်ပုံကို ကြိုတင်ပြင်ဆင်မယ်လို့ ဂျပန်နိုင်ငံက ပညာရှင်တွေ လာရောက်ကူညီသွားမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောလိုက်ပါတယ်။

မြို့တော်ဝန်ဦးမောင်မောင်စိုးနဲ့ ရန်ကုန်မြို့တော်နဲ့ ညီအမမြို့တော်ဖြစ်သော ဂျပန်နိုင်ငံ ဖူကူအိုကာမြို့ရဲ့ အထွေထွေကိစ္စရပ်နဲ့ စီမံကိန်းဗြူရို အကြီးအကဲ မစ္စတာနာကာမူရာအိချိတို့ မေလ ၁၄ ရက်နေ့က ဗီဒီယိုကွန်းဖရန့်နဲ့ ဆွေးနွေးပြီးနောက်ပိုင်း အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထိန်ပင်အမှိုက်ပုံမှာ ၂၀၀၀ ခုနှစ်ကတည်းက အမှိုက်တွေ စွန့်ပစ်ခဲ့ရာကနေ အမှိုက်ကတစ်ဆင့် မီသိန်းဓါတ်ငွေ့တွေ အောင်းပြီး မီးလောင်ခဲ့တာ ဖြစ်တာကြောင့် ထားဝယ်ချောင်အမှိုက်ပုံကို အဲဒီလိုမဖြစ်အောင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ဖို့ ဂျပန်နိုင်ငံနဲ့ ဆွေးနွေးနေပြီး ဂျပန်နိုင်ငံမှ အမှိုက်နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦး လာရောက်ကူညီပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

မြန်မာနိုင်ငံရှိ အမှိုက်ပုံတွေမှာ အမှိုက်ကနေ စွမ်းအင် ထုတ်လုပ်တဲ့နည်းစနစ်လိုအပ်နေပြီး ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဂျပန်က Grant and Soft Loan တွေရရှိမယ်ဆိုပါတယ် အမှိုက်တန် (၁၀၀၀) အသုံးပြုပြီး စွမ်းအင် ထုတ်လုပ်နိုင်တဲ့စက်ရုံ နှစ်ရုံ တည်ဆောက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်စည်ပင်သာယာနယ်နမိတ်က နေ့စဉ်ထွက်ရှိတဲ့ အမှိုက်တွေက စုစုပေါင်းတန်ချိန် ၂၈၀၀ ခန့်ထွက်ရှိနေပြီး လှိုင်သာယာမြို့နယ်က နေစဉ်အမှိုက် အများဆုံးထွက်ရှိနေကာ အင်းစိန်မြို့နယ်က ဒုတိယ အမှိုက်အများဆုံးထွက်ရှိနေပြီး အရှေ့ပိုင်းခရိုင် ၊ တောင်ပိုင်းခရိုင်မှ ၇ မြို့နယ်၊ စက်မှုဇုန်နဲ့ ရွှေတိဂုံစေတီတော်မှထွက်ရှိတဲ့ အမှိုက်တစ်ရက်တန်ချိန် ၈၀၀ ကျော်ကို ထားဝယ်ချောင်အမှိုက်ပုံသို့ စွန့်ပစ်နေပြီး ကျန်မြို့နယ်တွေကထွက်ရှိတဲ့ အမှိုက်တွေကို ထိန်ပင်အမှိုက်ပုံမှာ စွန့်ပစ်နေတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD