AD
AD
AD
play

 

အဂတိလိုက်စားမှုတွေနဲ့ပါတ်သတ်ပြီး အဖွဲ့ ၆ ဖွဲ့နဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က မေလ ၁၃ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း နေအိမ်ကို တာဝန်ရှိသူတွေ ၀င်ရောက်ရှာဖွေပြီး သားဖြစ်သူကို စစ်ဆေးနေကြောင်း၊ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက်ပိုင်းအခုလို သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ကော်မရှင်အနေနဲ့ တိုင်ကြားစာတွေနဲ့ ပါတ်သတ်ပြီးတော့ အချက်အလက်တွေပြည့်စုံစွာရရှိဖို့အတွက် ကြိုတင်စုံစမ်းမှု ၁၈ မှုကိုလည်း ဆောင်ရွက်နေတဲ့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်တွေနဲ့ အညီ ကော်မရှင်က စစ်ဆေးဆဲအမှုတွေကို လျှို့ဝှက်ထားရှိတာကြောင့် အမှုဖြစ်စဉ်တွေကို အသေးစိတ်မထုတ်ပြန်နိုင်သေးဘူးလို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာတော့ အဂတိလိုက်စားရေးကော်မရှင်အနေနဲ့ ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုး (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင်နဲ့ အကြီးတန်း စာရေး ဦးအောင်စိုးမိုးတို့ကို ကျေးရွာနေပြည်သူများထံမှ ငွေကြေးများရယူခဲ့တာ စစ်ဆေး ပေါ်ပေါက်ခဲ့လို့ တရားစွဲဆိုထောင်ချခဲ့ကာ မန္တလေးတိုင်း အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေး ဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကိုလည်း အဂတိလိုက်စားမှုနဲ့ တရားစွဲဆို စစ်ဆေးနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD