AD
AD
AD
play
ဇာသပြင်တံတား။ Photo : Aung Win Tun

 

ပြည်တွင်းမှာရှိတဲ့ ကြိုးတံတား ၂၉ စင်းအနက် မကွေးတိုင်းပွင့်ဖြူမြို့နယ်မှာရှိတဲ့ မယ်ဇလီတံတားနဲ့ မွန်ပြည်နယ်က ဇာသပြင်ကြိုးတံတားတို့က ကြံ့ခိုင်မှုအခြေအနေစိုးရိမ်ရတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်​ကြီးဦးကျော်လင်းက ပြောလိုက်ပါတယ်။

မေလ ၁၅ ရက်နေ့က နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အစိုးရရဲ့ ပြည်သူ့အတွက်ဒုတိယ ၁နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုဝန်ကြီး ဦးကျော်လင်းက မီဒီယာတွေရဲ့ မေးမြန်းချက်ကို အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“အဆိုးဆုံး ၂ စင်းကိုတော့ တရုတ်ပညာရှင်တွေက ထောက်ပြပါတယ်။ ဆိုးရွားနေတဲ့အတွက်လဲ ဒါကို အန္တရာယ်ရှိတယ်လို့ ကြေညာပြီး ခရီးသည်တင် ဘတ်​စ်​ကားတွေကို လူဆင်းလျှောက်ပြီး ဟိုဘက်ရောက်မှ လူပြန်တက်ဆိုတာမျိုး​ပေါ့။ ကုန်တင်ကားဆိုရင်လည်း ၀န်ကိုလျော့ပြီး ဖြတ်ခိုင်းတာမျိုး​တွေပေါ့။ အဲဒီ တံတား ၂ စင်းကို အမြန်ဆုံးပြန်လည် အစားထိုးနိုင်ဖို့လည်း ဆောင်ရွက်နေပါတယ်”လို့ ဆောက်လုပ်ရေး ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြောသည်။

play
မဲဇလီကြိုးတံတား။ Photo : Nyi Nyi Zaw

 

မြန်မာနိုင်ငံရှိ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ကြိုးတံတား စုစုပေါင်း ၂၉ စင်းရှိပြီး အဆိုပါတံတား ၂ စင်းက အခြေနေဆိုးရွားနေတာကို တရုတ်ပညာရှင်တွေက ထောက်ပြသတိပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာရှိတဲ့ ကြိုးတံတား ၂၉ စင်းရဲ့ကြံခိုင်ရေးအခြေအနေတွေကို တစ်နှစ်လျှင် ၂ ကြိမ်နှုန်းနဲ့ စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး လက်ရှိအချိန်မှာ တရုတ်နည်းပညာရှင် ၂၂ ဦးနဲ့ ကြိုးတံတားတွေရဲ့ ကြံခိုင်မှုအခြေနေကို စစ်ဆေးနေတယ်လို့ ဦးကျော်လင်းက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ရန်ကုန်-အိမ်မဲ-မြောင်းမြ-လပွတ္တာကားလမ်းပေါ်က ဘုရားချောင်းကျေးရွာနဲ့ ကွယ်လွယ်ကျေးရွာသို့ ဆက်သွယ်ထားတဲ့ အလျား ၁၄၅ဝ ပေ၊ အကျယ် ၂၈ ပေရှိ မြောင်းမြကြိုးတံတားက ဧပြီလ ၁ ရက် မနက် ၂ နာရီလောက်မှာ သံမဏိကြိုးဆိုင်း တွေ ပြတ်ကျပြီး ရွေးမြစ်ထဲကို ပြုတ်ကျမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက အခုလို စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD