AD
AD
AD
play
Photo : Hong Sar

 

မေလ ၁၂ ရက်နေ့ ညနေပိုင်းက တာမွေအ၀ိုင်းထိပ်နားမှာဖြစ်ပွားခဲ့တဲ့ ငြိမ်းချမ်းရေး ဆန္ဒပြပွဲမှာပါဝင်သူတွေကို ရဲတပ်ဖွဲ့ က ရှင်းလင်းရာမှာ အရပ်ဝတ်တွေကိုအသုံးမပြုခဲ့ဘူးလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်ဦးအောင်ဝင်းဦးက အတည်ပြု ပြောကြားလိုက်ပါတယ်။

မေလ ၁၅ ရက်နေ့က နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အစိုးရရဲ့ ပြည်သူ့အတွက်ဒုတိယ ၁နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်ဦးအောင်ဝင်းဦးက မီဒီယာတွေရဲ့ မေးမြန်းချက်ကို အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“တာမွေကိစ္စမှာ အရပ်သားတွေ အသုံးပြုခွင့်၊ အသုံးပြုမှုမရှိဘူးလို့ပဲ ကျွန်တော် ဖြေကြားပါရစေ။ ဒီအရပ်ဝတ်တဲ့သူတွေကို ကျွန်တော်တို့ ဘယ်သူတွေလဲဆိုတာကို ဥပဒေနဲ့အညီ ဆောင်ရွက်သွားပါ့မယ်”လို့ ရဲချုပ်အောင်ဝင်းဦးက ပြောပါတယ်။

play
Photo : The Voice

 

အရပ်ဝတ်တွေကို အသုံးမပြုခဲ့ဘူးလို့ ရဲချုပ်က ငြင်းဆိုခဲ့ပေမယ့် တာမွေအဝိုင်းထိပ်နားမှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှု ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို အရပ်ဝတ်တွေက ဝင်ရောက်ဖမ်းဆီးပြီး ကိုယ်ထိလက်ရောက်မှုများ ပြူလုပ်တာတွေနဲ့ သတင်းမီဒီယာတွေကိုလည်း ခြိမ်းခြောက် မှုတွေ ရှိခဲ့ပါတယ်။

“ရဲတွေက ကျွန်တော်ကို ဖမ်းပြီးလို့ အချုပ်ကားပေါ် တင်ခါနီးမှာ အရပ်ဝတ် လူ ၅ ဦးက မင်းလားကွ ငြိမ်းချမ်းရေး လိုလားသူလားဆိုပြီး ဝိုင်းထိုးတာ။ ဒါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေရှေ့မှာ ထိုးခံလိုက်ရတာ။ အသားနာတာြ ပဿနာ မဟုတ်ပေမယ့်။ အမည်မသိ အရပ်ဝတ်တွေ (ဌာနဆိုင်ရာက မဟုတ်သောသူ) က ဥပဒေမဲ့ အနိုင်ကျင့်တာ ကိုတော့ နည်းလေးမှ လက်မခံနိုင်ဘူး။ ဒီလိုမျိုးဆူပူမှုဖြစ်ရန် ဖန်တီးခဲ့သော အရပ်ဝတ်လူတစ်စုကို အရေးယူပေးဖို့တော့ အမြနိဆုံးလိုအပ်သည်”လို့ ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံရသူတစ်ဦးဖြစ်သူ ကိုတင်ထွဋ်ပိုင်က ပြောပါတယ်။

 

မေလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အဆိုပါဆန္ဒပြပွဲသတင်းရယူခဲ့တဲ့ သတင်းမီဒီယာတွေ ခြိမ်းခြောက်အကြမ်းဖက် ရန်ပြုခံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့ထံသို့ မေလ ၁၄ ရက်နေ့က တိုင်ကြားစာပေးပို့ထားတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD