AD
AD
AD
play

 

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ် ဧပြီလကနေ ၂၀၁၈ ခုနှစ် မတ်လအထိ မိုးကြိုးပစ်မှု ၁၀၉ ကြိမ် ဖြစ်ပွားခဲ့ရာ လူဦး ၁၁၁ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၃၉ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာ နိုင်ငံတော်ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်က မိုးဦးလေဦးရာသီဖြစ်တဲ့အတွက် မုန်တိုင်းဖြစ်ပေါ်ခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်း၊မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက်ရေကြီးခြင်နဲ့ မြေပြိုတာတွေဖြစ်နိုင်လို့ ကြိုတင် ပြင်ဆင်တာတွေ ဆောင်ရွက်ထားဖို့ ဒုသမ္မတက သတိပေးခဲ့ပါတယ်။

play

 

လက်ရှိအချိန်က အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်နေပြီး မုတ်သုံဝင်ရာ လမ်းကြောင်းတစ်လျှောက် လေပြင်းနဲ့ မိုးကြိုးအန္တရာယ်ဆက် လက်သတိပြုနေထိုင်ဖို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသား ထားပါတယ်။

အနောက်တောင်မုတ်သုံလေက မေလ ၁၆ ရက်ကနေ ၂၀ ရက်အတွင်း မြန်မာနိုင်ငံတောင် ပိုင်းဒေသတွေကို ၀င်ရောက်နိုင်တယ်လို့ မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကသတင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မေလ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသသို့လည်းကောင်း၊ မေလ ၂၆ ကနေ ၃၁ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေကိုလည်းကောင်း အစဉ်လိုက်ဝင်ရောက်လာနိုင်တယ်လို့ ဧပြီ ၂၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD