AD
AD
AD
play
Photo : Hong Sar

 

ငြိမ်းချမ်းရေးအတွက် ဆန္ဒပြမှုတွေကြောင့် မေလအတွင်းမှာ တရားစွဲခံသူပေါင်း ၄၂ ဦးအထိ ရှိလာပြီလို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ "အသံ" က မေလ ၁၅ ရက်နေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မေလအတွင်းမှာ တရားစွဲခံရတဲ့ အမှုအရေအတွက် ၁၃ မှုရှိပြီး တက်ကြွလှုပ်ရှားသူ ၄၂ ဦး တရားရင်ဆိုင်နေရကာ အဲ့ဒီအမှုတွေထဲက ရန်ကုန်တိုင်းမှာ ခုနစ်မှု၊ မန္တလေးတိုင်းမှာ သုံးမှု၊ ကချင်ပြည်နယ်မှာ နှစ်မှုနဲ့ ပဲခူးတိုင်းမှာတစ်မှု ရှိတယ်လို့ သိရပါတယ်။

"အရင်တုန်းက ဆုတောင်းတာတွေဘာတွေဆိုလည်း အရေးယူတာမရှိဘူး။ အခုက ငြိမ်းချမ်းရေးနဲ့ ပါတ်သတ်လို့ ပွဲတစ်ခုလုပ်ရင်ပဲ အရေးယူမယ်။ ဖမ်းဆီးမယ်ဆိုတာမျိုးတွေပေါ့။ တချို့ ခွင့်ပြုမိန့်တင်ရဲ့သားနဲ့ အရေးယူတာမျိုးတွေရှီတယ်။ ဒီပေါ်မှာ အစိုးရရဲ့ သဘောထား အထူးသဖြင့် တပ်မတော်ရဲ့ သဘောထားက ဘယ်လိုလဲဆိုတာကိုမေးခွန်းထုတ်ရမလိုဖြစ်နေပြီ"လို့   လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ "အသံ" တည်ထောင်သူတစ်ဦးဖြစ်တဲ့ ကဗျာဆရာမောင်ဆောင်းခ က ဓူဝံ မီဒီယာကို ပြောပါတယ်။

play

 

ထုတ်ပြန်ချက်တွေအရ တရားစွဲခံရမှုအများဆုံးက ရန်ကုန်မြို့ကဖြစ်ပြီး တာမွေအ၀ိုင်းထိပ်မှာ ငြိမ်းချမ်းရေး ဆန္ဒပြမှုတွေကြောင့် တက်ကြွလှုပ်ရှားသူ ၁၇ ဦးကို ငြိမ်းစုစီပုဒ်မ ၂၀ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကချင်စစ်ပွဲတွေမှာ ပိတ်မိနေသူတွေကို ဘေးကင်းလုံခြုံရာကို ရောက်ရှိဖို့နဲ့ စစ်ပွဲတွေ ရပ်ဖို့ မေလ ၂ ရက်နေ့က စတင် ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မှာ မေလ ၁၂ ရက်နေ့က ရဲကင်းစခန်းနဲ့ ပြည်သူ့စစ်တွေကို တအောင်းလက်နက်ကိုင်အဖွဲ့က ၀င်ရောက်တိုက်ခိုက်တာကြောင့် အရပ်သားများအပါအ၀င် ၂၀ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD