AD
AD
AD
play

 

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ Mr.BBQ စားသောက်ဆိုင်မှာ မေလ ၁၅ ရက်နေ့က ည ၇ နာရီခွဲလောက်က တစ်သောင်းတန် ငွေစက္ကူ အတု အရွက်သုံးရာကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မဟာအောင်မြေမြို့နယ် Mr.BBQ စားသောက်ဆိုင်မှာ ငွေစက္ကူအတုတွေ လဲလှယ်နေတယ်လို့ သတင်းရရှိတာကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးရာ စိုးလင်း(၄၀)နှစ်နဲ့အတူ ၂ ဦးကို ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၃၀၀ ရွက်(ကျပ် ၃၀ သိန်း)နဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

play

 

စစ်ဆေးမှုတွေအရ ကွင်းဆက်တရားခံဖြစ်သော အောင်ဆန်းဝင်း(၄၀)နှစ်ကို သူ့ရဲ့နေအိမ်မှာ ည ၈ နာရီလောက်မှာ ဖမ်းဆီးရမိခဲ့တာကြောင့် စုစုပေါင်းသုံးဦးကို မဟာအောင်မြေမြို့မရဲစခန်း (ပ)၃၁၄/၂၀၁၈၊ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့်စစ်ဆေး စုံစမ်းနေတယ်လို့ သိရပါတယ်။
မှုခင်းရဲတပ်ဖွဲ့ရဲ့ ပဏာမစိစစ်ချက်အရအဆိုပါငွေစက္ကူတွေက နိုင်ငံခြားစက္ကူ အမျိုးအစားဖြစ်ပြီး စက္ကူသားချောနေခြင်း၊ အတုသည်အစစ်ထက် အလျားနဲ့ အနံ ၁ မီလီမီတာစီတို ခြင်း၊ အရောင်တောက်ပမှု မရှိခြင်း၊ တန်ဖိုးရေစာများပုံ ရိပ်သာပါရှိခြင်း၊ အရောင်ပြောင်းလဲမှုမရှိခြင်း၊ ကာလာပရင်တာနည်းဖြင့် တုပထားခြင်း၊ လျှို့ဝှက်ချက်များမပါရှိတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD