AD
AD
AD
play

 

ကချင်ပြည်နယ် ဖားကန့်မြို့လုံခင်းကျေးရွာအုပ်စု ရတနာရွှေအိတ် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီကို မီးရှို့ခံရပြီးတဲ့နောက်မှာ ၀န်ထမ်း ၂၀၀၀ ကျော်ရဲ့ မှတ်ပုံတင်တွေ ပျောက်ဆုံးနေတယ်လို့ ဖားကန့်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ဓူဝံ မီဒီယာကို ပြောပါတယ်။

အဆိုပါကုမ္ပဏီမှာ လုပ်ခစာညှိနှိုင်းတာ အဆင်မပြေတာကြောင့် ကုမ္ပဏီပိုင်ရုံးခန်းနဲ့ လူနေအဆောင်တွေကို မီးရှို့ဖျက်ဆီးမှုဖြစ်ပြီးတဲ့နောက်မှာ ၀န်ထမ်းတွေရဲ့ မှတ်ပုံတင်တွေ ပျောက်ဆုံးနေတာဖြစ်ပါတယ်။

play

 

“ပျောက်သွားတယ်ဆိုတာက အလုပ်သမားတွေက မီးရှို့ရော၊မီးရှို့တော့ သူတို့မှာအလုပ်သမားဌာန ရှိတယ်လေ။အလုပ်သမားနှစ်ထောင်ကျော်ရဲ့ မှတ်ပုံတင်ကို သူတို့က သေတ္တာထဲမှာ သိမ်းထားတယ်။ သိမ်းထားတော့ အဲ့ဒီမှာ ရှိတဲ့ဝန်ထမ်းက အလုပ်သမားတွေရဲ့ ပစ္စည်းမို့လို့ ကားနဲ့ တင်ပြီးထွက်ပြေးလာတယ်။ထွက်ပြေးတာတော့ ဆန်ခါရွာနဲ့ ကပ်လျက်မှာရှိတာ။သူတို့က ကြောက်ကြောက်နဲ့မောင်းပြေးတော့ အဲ့ဒါကို ယူသွားကြတဲ့ သဘောရှိပါတယ်။ သေတ္တာက သော့ခတ်ထားတာလေ။ ယူသွားတာကလည်း ဒါကဘာမှ အသုံးမ၀င်တဲ့အတွက် ပြန်အပ်ပေးဖို့ အရေးမယူဘဲ ဆုငွေပေးပါမယ်ဆိုပြီး ကြေငြာထားတယ်။ဒါကို နားလည်မှုရှိရှိနဲ့ ပေးအပ်ဖို့ နှိုးဆော်ထားပါတယ်"လို့ ဦးတင်စိုးက ပြောပါတယ်။

လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာနားက ရတနာရွှေအိတ်ကျောက်မျက်ကုမ္ပဏီမှာ မေလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ကုမ္ပဏီ ဝန်ထမ်း ရာသီကုန်လုပ်ကွက်သိမ်းချိန်ကို မေ ၁၅ ရက်မှာ ရပ်ဆိုင်းပေးဖို့နဲ့ အချိန်ပိုလုပ်ခတွေ ရယူလိုကြောင်း တောင်းဆိုမှုတွေ ပြုလုပ်ခဲ့လို့ ကုမ္ပဏီ ဝန်ထမ်းတွေနဲ့ ညှိနှိုင်းမှုအဆင်မပြေဖြစ်တာကနေ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီက ဝန်ထမ်း ၂၅၀၀ ထဲက ဝန်ထမ်း ၁၀၀၀ ခန့်က မေလ ၁၃ ရက်နေ့ ည ၇ နာရီခွဲမှာ ကုမ္ပဏီရုံးခန်းနဲ့ လူနေအဆောင်တွေကို ခဲတွေနဲ့ ပစ်ပေါက်ခြင်း အကြမ်းဖက်တာတွေပြုလုပ်ခဲ့ပြီး ကုမ္ပဏီလုံခြုံရေး တာဝန်ကျနယ်မြေခံရဲတပ်ဖွဲ့က သေနတ် မိုးပေါ်ထောင်ဖောက်ပြီး ခြောက်လှန့်ခဲ့ပေမယ့် ပြန်လည်ထွက်ခွာသွားခြင်းမရှိဘဲ ကုမ္ပဏီရုံးခန်းအပါအဝင် လူနေ အိပ်ဆောင်ငါးလုံး၊ ဘက်ဟိုးတစ်စီး၊ ဂါလန်၂၄၀၀ ဆံ့ ဆီလှောင်တိုင်ကီခြောက်လုံးတို့ကို မီးရှို့ထွက်ပြေးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD