AD
AD
AD
play
Photo : Yin Yin Thein Naba

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ထဲက ထိုပူးဘူတာနဲ့ မိုးကောင်းဘူတာကြား တစ်နေရာ၊ နမ္မတီးဘူတာနဲ့ မရမ်းဘူတာကြားမှာ တစ်နေရာ စုစုပေါင်း ရထားသံလမ်းနှစ်နေရာမှာ မေလ ၁၅ ရက် ည ၁၁ နာရီ မိနစ် ၂၀ လောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

play
Photo : Yin Yin Thein Naba

 

မေလ ၁၅ ရက်နေ့ ညပိုင်းက မြစ်ကြီးနားမြို့ကနေ ထွက်ခွာလာတဲ့ မိုင်းရှင်းရှေ့ပြးရထားက မရမ်းဘူတာနဲ့ နမ္မတီးကြား မိုင်တိုင် ၆၉၅ /၂၄ တံတားအမှတ် BR၆၈ ပေါ်ကနေ ဖြတ်သန်းနေတုန်း ည ၁၁ နာရီ ၂၅ မိနစ်အချိန်မှာ တံတားမှာထောင်ထားတဲ့ မိုင်းကွဲပြီး စက်ခေါင်း တိမ်းစောင်းကာ ရထားတွဲသုံးတွဲ ချော်ကျခဲ့တယ်လို့ ဆိုပါတယ်။

 

အဆိုပါဖြစ်ရပ်ကြောင့် မိုင်းရှင်းရထားတွဲချော်ခဲ့ကာ ရထားသံလမ်း၊ ဇလီဖားတုံးနဲ့ ရထားတွဲတွေ ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိဘူးလို့ မိုးကောင်းမြို့မ ရဲစခန်းထံကနေ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD