AD
AD
AD
play

 

ဒီနေ့ မေလ ၁၆ ရက်နေ့၊ မွန်းလွဲ ၂ နာရီ မိနစ် ၅၀ အချိန်လောက်က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်း(အလယ်ဘလောက်)မှာ မီးလောင်မှုဖြစ်ပွားခဲ့လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Level 1 မီးသတ်ယာဉ်အုပ်စုတွေနဲ့ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

play

 

မီးလောင်ဖြစ်ပွားတဲ့နေရာက ဆမ်ဆောင်းလျှပ်စစ်ပစ္စည်း ဆားဗစ်စင်တာဖြစ်ပြီး မွန်းလွဲ ၃ နာရီ ၁၅ မိနစ်မှာ မီးကိုငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အကြောင်းအရင်းနဲ့ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD