AD
AD
AD
play

 

၁၉၉၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ဖားကန့်မြို့ ကျောက်စိမ်းထွက်ရှိရာ ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ မြေပြင် အခြေအနေတွေကို ရိုက်ကူးပြသ ထားတဲ့ ဓာတ်ပုံပြပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်အတွင်းရှိ Yangon Gallery မှာ ပြသနေပါတယ်။

ဖားကန့်ဒေသမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေ၊ ကျောက်စိမ်းတူးဖော်နေတဲ့ အလုပ်သမားတွေရဲ့ အခြေအနေတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အများပြည်သူ လေ့လာနိုင်ဖို့အတွက် ရည်ရွယ်ပြသတာဖြစ်တယ်လို့ ဖားကန့်အခြေစိုက် အလွတ်တန်းဓာတ်ပုံဆရာ ကိုဇော်မိုးထက်က ဓူဝံ မီဒီယာကို ပြောပါတယ်။

“ကျောက်စိမ်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်အဆင့်လူကြီးတွေနဲ့ ပြည်သူပြည်သားတွေက စိတ်ဝင်စားမှု အားနည်းနေတယ်။ ဒီဓာတ်ပုံပြပွဲက ဖားကန့်ရဲ့ မြေပြင်အခြေအနေတွေကိုပြသထားတယ်။ ကျောက်စိမ်းကဏ္ဍနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲမှု အားနည်းနေသလဲ ဆိုတာကို အကြံပြုချင်တာပါ” လို့ ကိုဇော်မိုးထက်က ပြောပါတယ်။

play

 

ဒီဓာတ်ပုံပြပွဲကို Yangon journalism school က NRGI ရဲ့ ထောက်ပံမှုနဲ့ ကျင်းပတာဖြစ်ပြီး ၁၉၉၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ဖားကန့်ဒေသမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ပြသထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံဆရာ လေးဦးရဲ့ ဓာတ်ပုံပေါင်း ၇၀ ကျော်ကို လေ့လာနိုင်မှာဖြစ်ပြီး ဖားကန့်ဒေသ ကျောက်စိမ်း ထွက်ရှိရာ တူးဖော်နေတဲ့ အလုပ်သမားတွေရဲ့ အခြေအနေ အခက်အခဲတွေကို တင်ပြထားတာဖြစ်ပါတယ်။

သွေးစွန်းသော ကျောက်စိမ်းခရီးဆိုတဲ့ ဓာတ်ပုံပြပွဲကို မေလ ၁၆ ရက်ကနေ မေလ ၁၈ ရက်အထိ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ဝင်းအတွင်းက Yangon gallery မှာ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

အဆိုပါ ဓာတ်ပုံပြပွဲကို ရန်ကုန်မြို့အပြင် နေပြည်တော်၊ မန္တလေးနဲ့ မြစ်ကြီးနားမြို့တွေမှာ ပြသသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD