AD
AD
AD
play

 

ရန်ကုန်မြို့ထဲမှာရှိတဲ့ တန်ခိုးကြီးဘုရားများအနက် ရွှေတိဂုံစေတီတော်မှ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ကျပ် ဘီလီယံ ၆၇ သိန်းကျော်နဲ့ နိုင်ငံခြားငွေ ဒေါ်လာ ၁၅.၂ သန်းကျော် ကောက်ခံရရှိထားပြီး အခြားတန်ခိုးကြီးစေတီတွေထက် အလှူငွေအများဆုံးရရှိထား တယ်လို့ သိရပါတယ်။

မေလ ၁၆ ရက်နေ့က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ဒဂုံမြို့နယ်မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ရန်ကုန်မှာရှိတဲ့ တန်ခိုးကြီးဘုရားတွေကနေရရှိတဲ့ ဘယ်လို စီမံဆောင်ရွက်နေတယ်ဆိုတာကို မေးမြန်းခဲ့တာကို လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အခုလိုဖြေကြားခဲ့တာ ဖြစ်ပါတယ်။

play

 

ရွှေတိဂုံစေတီတော်က ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ကာလမှာ ကောက်ခံရရှိခဲ့တဲ့ အလှူငွေစာရင်းက ဘီလီယံ ၆၇သိန်းကျော်၊နိုင်ငံခြားငွေ ၁၅.၂ သန်းကျော်နဲ့ ငွေစုစာအုပ်အတိုးနှုန်းရရှိငွေ သိန်းပေါင်း ၄၇၆၄ ကျော်၊ ဆူးလေစေတီမှ သိန်းပေါင်း ၁၆၀ ကျော်နဲ့ နိုင်ငံခြားငွေ ၈၇၃၆ ဒေါ်လာ၊ စကာင်္ပူဒေါ်လာ ၃၈ ဒေါ်လာ၊ ကမ္ဘာအေးစေတီတော်မှ သိန်းပေါင်း ၈၉၀ ကျော်နဲ့နိုင်ငံခြားငွ ၂၁၄၁၂ ဒေါ်လာ၊ ဗိုလ်တစ်ထောင်စေတီမှာ ကျပ်သိန်းပေါင်း ၁၄၅ သိန်းကျော်နဲ့ နိုင်ငံခြားငွေ ၁၅၂ သိန်းကျော် ရရှိထားပြီး  ကမ္ဘာအေးစေတီတော်မှ သိန်းပေါင်း (၈၉ဝ)ကျော်နှင့် နိုင်ငံခြားငွေ USD ၂၁၄၁၂.၀၇ ၊ စွယ်တော်မြတ်စေတီတော်မှ သိန်းပေါင်း(၁၅၈)သိန်းကောက်ခံရရှိထားတယ်လို့ ဖြေကြားခဲ့ပါတယ်။

ဒီလိုကောက်ခံရရှိထားတဲ့ အလှူငွေတွေကို နှစ်စဉ် ဘတ်ဂျက်ရေးဆွဲလျာထားအတည်ပြုထားပြီးတော့ ဘတ်ဂျက်ခွဲဝေမှုအတွင်းမှာပဲ သုံးစွဲနေကာ ရွှေတိဂုံစေတီတော်ရဲ့ ဘဏ္ဍာငွေစာရင်းတွေကို ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးက နှစ်စဉ်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

စေတီတော်ဂေါပကအဖွဲ့တွေအနေနဲ့ စည်းမျဉ်းတွေနဲ့အညီ သုံးစွဲလျက်ရှိပြီး အထွေထွေအုပ်ချုပ်ရေးရုံးတွေနဲ့ တိုင်းဒေသကြီး သာသနာရေးမှူး ရုံးတွေကို တင်ပြထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တန်ခိုးကြီးဘုရားတွေရဲ့ စုပေါင်း အလှူငွေရရှိမှုစာရင်းကိုနှစ်စဉ်စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ထည့်သွင်းပေးဖို့ အစီအစဉ်ရှိပြီး လွှတ်တော်ကို တင်ပြသွားမယ်လို့ ဖြေကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD