AD
AD
AD
play

 

နိုင်ငံခြားအရက်တွေ သိုလှောင်ထားရင် အခွန်တိုးကောက်ဖို့နဲ့ အရက်ပြန်ရောင်းချမှုကို လိုင်စင်အမျိုးအစားအသစ် သတ်မှတ်ပြီး လိုင်စင်ကြေး ကျပ်သုံးသိန်းကောက်ခံဖို့ ဆိုတဲ့အချက်တွေပါတဲ့ ရန်ကုန်တိုင်းဒေသကြီးယစ်မျိုးခွန်ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အတည်ပြုသင့်တယ်လို့ ဥပဒေကြမ်း ကော်မတီက မေလ ၁၆ ရက်မှာ ပြုလုပ်တဲ့ တိုင်းဒေသကြီးလွှတ် တော်အစည်းအဝေးမှာ သဘောထားမှတ်ချက်ပေးခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းကို မေ လ ၁၅ ရက်က ပြုလုပ်တဲ့ တိုင်း ဒေသကြီးလွှတ်တော်မှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက တင်သွင်းခဲ့တယ်လို့ ဒီနေ့ထုတ် 7DayDaily သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။

play

 

ရန်ကုန်တိုင်းဒေသကြီးမှာ နိုင်ငံခြားအရက်လက်ကားရောင်း ချသူတွေက လိုင်စင်ရယူထားတဲ့ နေရာတွေအပြင် အခြားနေရာတွေမှာ သိုလှောင်ထားတာကို အခွန်နှုန်းထားတိုးမြှင့်ကောက်ယူဖို့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးချုပ်(နေပြည်တော်)က အကြောင်းကြားလာတာကြောင့် ယစ်မျိုးဥပဒေကိုပြင်ဆင်ဖို့ လွှတ်တော်သို့ တင်ပြခဲ့တာလို့ နယ်လုံဝန်ကြီး ဗိုလ်မှူး ကြီးအောင်စိုးမိုးက ပြောပါတယ်။

နိုင်ငံခြားအရက်ကို လိုင်စင်ရယူထားတဲ့ နေရာမဟုတ်ဘဲ အခြားနေရာတွေမှာ သိုလှောင်ရင် လိုင်စင်ကြေးနှုန်းထားရဲ့ ၁၀ ရာ ခိုင်နှုန်းသတ်မှတ်ပြီး ကောက်ခံဖို့ ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဂုဏ်သတ္တိပျက် အရက်ပြန်ကို လိုင်စင် FL-25 အဖြစ်သတ်မှတ်ပြီး ရောင်းချခွင့်လိုင်စင်ကို လိုင်စင်ကြေးကျပ်သုံးသိန်း သတ်မှတ်ကောက်ခံဖို့ဆိုတဲ့ အချက် ပါဝင်တယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD