AD
AD
AD
play

 

မြန်မာနိုင်ငံကို မုတ်သုံလေ စတင်ဝင်ရောက်လာလို့ မုတ်သုံဝင်ရာလမ်းတစ်လျှောက်မှာ လေပြင်းနဲ့ မုန်တိုင်းအန္တရာယ်ကို သတိပြုနေထိုင် သင့်တယ်လို့ ပညာရှင်တွေက အကြံပြုထားပြီး မိုးလေ၀သနဲ့ ပတ်သက်တဲ့ကောလာဟလ သတင်းတွေကိုမယုံကြဖို့ လူကယ်ပြန်ဝန်ကြီးဌာနက သတိပေးထားပါတယ်။

"တချို့သော Model တွေမှာ မေလ ၂၀ ကျော်ရင်တော့ Circulation တွေတော့ပြတယ်။ လေဖိအားနည်းရပ်ဝန်းဖြစ်မဖြစ်ကတော့ စောင့်ကြည့် ရမယ့်ပုံစံရှိပါတယ်။ ကောလဟာလတွေပြန့်နေတာကိုလည်း သတင်းထုတ်ပြန်ထားပါတယ်။ ၂၀ ပတ်ဝန်းကျင်မှာတော့ လေလှည့်ပတ်မှု တစ်ခုတွေ့ရတယ်။ ဒါကတော့လေဖိအားနည်းရပ်ဝန်းဖြစ်မဖြစ်ကိုတော့စောင့်ကြည့်ရမယ်"လို့ မိုးဇလဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ဓူဝံမီဒီယာကို ပြောပါတယ်။

 

မုန်တိုင်းနဲ့ ငလျင်လှုပ်ခတ်မယ်ဆိုတဲ့ သဘာဝဘေး ကောလာဟလတွေ ဆက်တိုက်ထွက်ပေါ်နေတာကြောင့် လူထုအနေနဲ့ သတင်းအမှားတွေကို မယုံကြည်ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။

အနောက်တောင်မုတ်သုံလေက မေလ ၂၀ ရက်အတွင်းမှာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို ၀င်ရောက်နိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ထားပြီး မေလ ၂၁ ရက်နေ့ ကနေ ၂၅ ရက်အတွင်းမှာ မြစ်ဝကျွန်းပေါ်ဒေသ၊ မေလ ၂၆ ကနေ ၃၁ အတွင်း မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေကို အစဉ်လိုက်ဝင်ရောက်လာနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD