AD
AD
AD
play

 

မေလ ၁၃ ရက်က ဖားကန့်မြို့နယ် ဆန်ခါကျေးရွာနားက "ရတနာရွှေအိတ်" ကုမ္ပဏီမှာ လစာနဲ့ရပိုင်ခွင့်တွေ တောင်းဆိုတာကနေဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေဖြစ်စဉ်တွေ နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

"ရတနာရွှေအိတ်" ကုမ္ပဏီမှ အလုပ်သမားကိုယ်စားလှယ် ကျော်မြင့်စိုးခေါင်းဆောင်တဲ့အဖွဲ့က အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ လုပ်ခလစာနဲ့ ပတ်သက်ပြီး ခရိုင်အလုပ်သမား ညွှန်ကြားရေး ဦးစီးအရာရှိ၊ အလုပ်ရှင်ကိုယ်စားလှယ် ဦးဇော်လွင်တို့အဖွဲ့နဲ့ မေလ ၁၅ ရက်က တွေ့ဆုံပြီး သဘောတူညီမှုရရှိခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အလုပ်သမားတွေက ရပိုင်ခွင့်တောင်းဆိုတဲ့အချိန်မှာ ပြေလည်မှုမရခဲ့လို့ ကုမ္ပဏီဝန်ထမ်း ၁၀၀၀ လောက်က ကုမ္ပဏီရုံးခန်းနဲ့ အဆောင်တွေကို ခဲတွေနဲ့ ပစ်ပေါက်ခြင်းနေသောလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဟန့်တားသတိပေး ပစ်ခတ်ခဲ့ရပြီး အလုပ်သမားတွေက အိပ်ဆောင်နဲ့ ကုမ္ပဏီရုံးခန်းတို့ကို မီးရှို့ထွက်ပြေးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

play

 

အခင်းဖြစ်ပွားမှုကြောင့် ရဲတပ်ဖွဲ့ရဲ့ သတိပေးပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးခဲ့ပြီး သုံးဦးကို လုံးခင်းတိုက်နယ်ဆေးရုံကိုတင်ပို့ခဲ့ရကာ ၅၀ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

မီးရှို့မှုကြောင့် ကုမ္ပဏီရုံးခန်း အပါအဝင် အိပ်ဆောင် ၅ ဆောင်၊ ပေ ၅၀ ပတ်လည် သွပ်မိုး/သွပ်ကာ ဂိုထောင်အသစ် ၄ လုံး၊ ပေ ၂၀ ပတ်လည် လူနေ ဆောင် ၁ ဆောင်၊ ပျက်လို့ရပ်ထားတဲ့ Double Cab မော်တော်ယာဉ် ၅ စီး၊ ဘတ်ဟိုးယာဉ် ၁ စီး၊ ဂါလံ ၂၄၀၀ ဆံ့ ဆီတိုင်ကီ ၆ လုံး (ဆီမပါ)၊ မြေသယ်ယာဉ် ၆ စီး၊ ရေစုပ်စက် အကြီး ၃ လုံး၊ Nissan အမျိုးအစား အုပ်ချုပ်မှုယာဉ် ၂ စီးနဲ့ လီဖန်းသုံးဘီးဆိုင်ကယ် ၂ စီးတို့ကို မီးကူးစက်လောင် ကျွမ်းခဲ့ပြီး G-20 အမျိုးအစား မြေသယ်ယာဉ် ၁ စီး၊ ၁၂ ဘီး ဆီသယ်ယာဉ် ၁ စီးနဲ့ ပေ ၅၀ ပတ်လည် ဂိုထောင်ရဲ့အရှေ့ဘက်ခြမ်းတို့ ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD