AD
AD
AD
play

 

အသက် ၂၀ အရွယ် လူငယ်တစ်ဦးက အသက် ၈၇ နှစ်အရွယ် အဘွားအိုတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု  မေလ ၁၂ ရက်နေ့က ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ အုန်းတပင်ကျေးရွာအုပ်စု၊ အောင်လှကျေးရွာမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဘွားအိုဟာ နေအိမ်ကနေ သားရှိရာ လယ်ထဲကို သွားရောက်ထမင်းပို့ပြီး မိုးချုပ်လို့ အိပ်နေတဲ့အချိန်မှာ အသက် ၂၀ ခန့်အရွယ် လူငယ်တဦးက အဓမ္မပြုကျင့်ခဲ့တာလို့ အဘွားအိုကို ဆေးရုံပို့ ကူညီပေးခဲ့တဲ့ လပွတ္တာမြို့ခံ ကိုဝင်းနိုင်က ဒီဗီဗွီသတင်းဌာနကို ပြောခဲ့ပါတယ်။

“ကျနော်တို့စခန်းက ပထမ သတင်းပေး တိုင်တန်းချက်အမှတ် ပ အမှတ် ၆၄/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ဥပဒေ ၃၇၆ နဲ့ အမှုဖွင့်ထားပါတယ်။ အခု အမှုစစ်ဆေးနေဆဲ ကာလမို့လို့ အချက်အလက်တွေပဲ ပြောပြလို့ရမယ်။ သူ့အခွင့်အရေးလည်း ရှိနေတာကိုး” လပွတ္တာမြို့သစ် ၃ မိုင် ရဲစခန်းမှာ ဒုရဲအုပ်ဌေးဝင်းက ပြောပါတယ်။

 

အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အဘွားအိုက နံရိုးကျိုးသွားသလို သားအိမ်မှာလည်း ထိခိုက်သွားတာကြောင့် လပွတ္တာ ၃ မိုင် ခုတင် ၂၀၀ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ပြစ်မှုကျူးလွန်ခဲ့တဲ့ ချက်ကြီး(ခ)အောင်ဇော်ဖြိုး ဆိုသူကို ဖမ်းဆီးထားပြီး မုဒိမ်းမှုနဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD