AD
AD
AD
play

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင်ဆေးကုသနေတဲ့ ဆေးခန်းတွေကို အရေးယူဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောလိုက်ပါတယ်။

ကျင်းပနေတဲ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ တွံတေးမဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်ဇင်ဦးက တရားမဝင် ဆေးကုခန်း တွေနဲ့ စံချိန်စံညွှန်း မကိုက်ညီတဲ့ ဓါတ်မှန်ခန်း၊ ဓါတ်ခွဲခန်းတွေကို ဘယ်လိုအရေးယူ ဆောင်ရွက်နေတဲ့မေးခွန်းနဲ့ ပတ်သက်ပြီး ဦးနိုင်ငံလင်းက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းတွေကို ကွင်းဆင်းစစ်ဆေးတယ်။ အရည်အသွေးပိုင်း စစ်ဆေးချက်တွေနဲ့ စံချိန်စံနှုန်းမမှီတဲ့ ဓါတ်ခွဲခန်း၊ ဓါတ်မှန်ခန်းတွေကို၊ ပြုပြင်တာ သတိပေးတာတွေ လုပ်တယ်။ မလိုက်နာရင် လုပ်ငန်းကို အပြီးအပိုင် အရေးယူမယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ တင်ပြတဲ့အခါကျရင် အရေးယူမယ်လို့" ဦးနိုင်ငံလင်းက ဆိုပါတယ်။

ဒါ့အပြင် အရည်အသွေး၊ စံချိန်စံနှုန်းမမီတဲ့ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းတွေကို လိုက်နာမှုမရှိရင် လုပ်ငန်းအပြီးတိုင် ပိတ်သိမ်း အရေးယူမှာ ဖြစ်တယ်လို့ ဦးနိုင်ငံလင်းက ဆက်ပြောပါတယ်။

“တရားမ၀င်ဆေးခန်းတွေကြောင့် ပြည်သူလူထု နစ်နာတဲ့အပိုင်းတွေအများကြီးရှိတယ်။ ဥပမာ လိပ်ခေါင်းရောဂါတစ်ခုကုလိုက်မယ်ဆိုရင် ချက်ချင်းတော့ ပျောက်သလိုဖြစ်ပေမယ့် တကယ်တမ်းတော့ မပျောက်ဘူးပေါ့။ ငွေကြေးကုန်ကျမှုများပြီး ဘေးထွက်ဆိုးကျိုးတွေ ပြန်လည်ခံစားရတယ်။ ဒါကြောင့်မို့ အရေးယူသင့်ပါတယ်။ စံချိန်မမှီတဲ့ ဓာတ်ခွဲခန်းတွေကို အရေးယူတဲ့ အပိုင်းအပြင် ပညာပေးတဲ့အပိုင်း လုပ်မယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေနိုင်တယ်” အထွေထွေရောဂါကု ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာကျော်စွာဦးက သူ့ရဲ့အမြင်ကို ပြောပါတယ်။

တရားမ၀င်ဆေးကုသနေတဲ့ ဆေးခန်းတွေကို စိစစ်အရေးယူဖို့ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီဖွဲ့စည်းထားပြီး ပုဂ္ဂလိကဆိုင်ရာကျန်းမာရေးလုပ်ငန်း လျှောက်ထားသူတွေကို အဖွဲ့လိုက် ကွင်းဆင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD