AD
AD
AD
play
ထိုင်းနိုင်ငံရှိ မြန်မာရွေ့ပြောင်းလုပ်သားများ။

 

အာဆီယံနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်ဖို့အတွက် ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းသွားလာမှုမှာ မြန်မာနိုင်ငံက ၃၃ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံး စံချိန်တင်နေတယ်လို့ Myanmar Center for Economic and Social Development အဖွဲ့က လေ့လာချက်တွေ အရသိရပါတယ်။

ဒီလို ရွှေ့ပြောင်းသွားလာတာက ပြည်တွင်းမှာ ကျွမ်းကျင်လုပ်သားရှားပါးလာမှုက အဓိကဖြစ်နေတယ်လို့ အဆိုပါအဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံထဲမှာတော့ လုပ်ခလစာသက်သာတဲ့ နိုင်ငံသားတွေအစား ဈေးနှုန်းကြီးမြင့်တဲ့ အိမ်နီးချင်းနိုင်ငံတွေက ကျွမ်းကျင်လုပ်သားတွေက နေရာယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံကနေ တခြားနိုင်ငံကို ရွှေ့ပြောင်းလုပ်ကိုင်တာတွေများသလို နယ်ဒေသတွေကနေ မြို့တွေကို ရွှေ့ပြောင်းလုပ်ကိုင်နေကြတဲ့ နှုန်းထားတွေ မြင့်လာတာလည်းဖြစ်ပါတယ်။

play

 

"ပြည်တွင်းမှာ တကယ်ကျွမ်းကျင်တဲ့လုပ်သားတွေရှိလာရင် ရွှေ့ပြောင်းမှုတွေ လျော့ကျမှာဖြစ်ပါတယ်။ ပြည်ပရောက်နေတဲ့ မြန်မာတွေအတွက် ပြည်တွင်းမှာ ပြန်လုပ်နိုင်မယ့် ကျွမ်းကျင်လုပ်သားတွေရှိလာဖို့ကတော့ ရေတိုရေရှည်စီမံကိန်းတွေချပြီးဆောင်ရွက်ရမှာဖြစ်ပါတယ်"လို့ Jobnet.com.mm ရဲ့ မန်နေဂျင်းဒါရိုက်တာ Matt De Luca က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ နေထိုင်နေတဲ့ လူဦးရေရဲ့ ၄၂.၃ ရာခိုင်နှုန်းက အခြားတိုင်းဒေသကြီး၊ပြည်နယ်တွေက ရွှေ့ပြောင်းလာသူတွေ ဖြစ်ပြီး ၂၆ ရာခိုင်နှုန်းက အလုပ်အကိုင်ကြောင့် ရွှေ့ပြောင်းသွားလာတာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD