AD
AD
AD

play

 

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန် ၂၉ ခုကို အဆင့်မြှင့်တင်သွားမှာဖြစ်ပြီး ဇုန်ကော်မတီများကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားလိုက်ပါတယ်။

ကျင်းပနေတဲ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အမတ် ဦးကျော်ကျော်မောင်က ဒဂုံအရှေ့စက်မှုဇုန် ကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးဖို့ အစီအစဉ် ရှိ၊မရှိ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ဒေါ်နီလာကျော်က ပြောကြားခဲ့တာပါ။

အဲဒီ စက်မှုဇုန် (၂၉) ခုစလုံး အဆင့်မြင့်တင်ဖို့ အတွက် စက်မှုဇုန်တွေ အဆင့်မြင့်တင်ရေး ကြီးကြပ်ကော်မတီ ကိုလည်း ဖွဲ့စည်းထားပြီး ဇုန်ကော်မတီတွေ ပြန်လည်ဖွဲ့စည်းဖို့နဲ့ စက်မှုဇုန် အဆင့်မြင့်တင်ဖို့ ကျူးကျော်မရှိတဲ့ တောင်ဒဂုံ စက်မှုဇုန်မှာ ကနဦးစီမံချက်အဖြစ် စတင်ဆောင်ရွက်မယ်လို့ သိရပါတယ်။

play

 

“ဇုန်ကော်မတီတွေကိုပြန်လည်ဖွဲ့စည်းဖို့ အားလုံး ဇုန်တစ်ခုခြင်းလိုက်မဟုတ်ပဲနဲ့ နီးစပ်ရာ ဇုန်တွေကို အားလုံးပေါင်းစပ် ပြီးတော့ စက်မှုဇုန် အဆင့်မြင့်တင်ရေး ကြီးကြပ်ကော်မတီမှ တစ်ဆင့် One Stop Service တွေဖြစ်လာအောင် နဲ့ အစိုးရနဲ့ ပုဂ္ဂလိက ကနေပြီးတော့ Service လုပ်မယ့် ကုမ္ပဏီကို သီးခြားထားပြီး ကော်မတီမှ ကြီးကြပ်အုပ်ချုပ်ဖို့နဲ့ ဇုန်ကော်မတီတွေကို ပြန်လည်ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်"လို့ ဒေါ်နီလာကျော်က ပြောပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စက်မှုဇုန်တွေ စတင်တည်ထောင်ကတည်းက စက်မှုဇုန်ရဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို စနစ်တကျ ပြဌာန်းနိုင်ခဲ့ခြင်းမရှိတာကြောင့် စက်မှုဇုန်တွေဟာ ရေသန့်ရရှိရေး၊ ရေဆိုး၊ အမှိုက်စွန့်ပစ်ရေး၊ လျှပ်စစ်ရရှိရေးတွေဟာ စနစ်တကျ မရှိဘဲ ဖြစ်နေတယ်လို့ ဒေါ်နီလာကျော်က ဆိုပါတယ်။

အဆိုပါ စက်မှုဇုန်တွေမှာ လုပ်ငန်းလုပ်ကိုင်ဖို့ မဟုတ်ဘဲ မြေဈေးကစားလိုပြီး ဈေးကောင်းရတဲ့ သူတွေကို ပြန်လည်ရောင်းချဖို့ ရည်ရွယ်ချက်တွေနဲ့ မြေကွက်တွေရယူထားမှုတွေ ရှိနေတာကြောင့် အသုံးမပြုတဲ့ မြေတွေကို စာရင်းကောက်ခံထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD